Home သတင်း စစ်ရေး နယ်စပ်ပစ်ခတ်မှု ဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက အာရက္ခတပ်တော်ကို ခေါ်ယူဆွေးနွေးမှုတွေလုပ်

နယ်စပ်ပစ်ခတ်မှု ဖြစ်ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက အာရက္ခတပ်တော်ကို ခေါ်ယူဆွေးနွေးမှုတွေလုပ်

66
0
ပုံ - ပုံဟောင်းသာဖြစ်သည်။

Coastal News Agency

နယ်စပ်ပစ်ခတ်မှု ဖြစ်ပွားပြီးနောက်မှာ ဘင်္ဂလားဒေ့ရှ် အစိုးရက အာရက္ခတပ်တော်ကိုခေါ်ယူကာ တွေ့ဆုံဆွေးနွေးမှုလုပ်ဆောင်ခဲ့တယ်လို့ သတင်းအရင်း အမြစ်တွေကပြောပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုကို မနေ့က ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနဖ်မြို့မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီးတော့ ဒီတွေ့ဆုံဆွေး နွေးပွဲကို အာရက္ခတပ်တော်ဖက်က အကြီးအကဲတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက အကြီးအကဲတွေ တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

တွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက ကိစ္စကတော့ နယ်စပ်ဒေသက ပြည်သူတွေရဲ့ လုံခြုံမှု နဲ့ မြန်မာ-ဘင်္ဂလားနယ်စပ်ကြား လက်နက်ကိုင် ပစ်ခတ်မှု ထပ္မံ ဖြစ်ပွားမှု မရှိဖို့ အတွက်ကို အဓိကထားဆွေးနွေးခဲ့ကြတာ ဖြစ်သလို နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

နယ်စပ်ဒေသနေပြည်သူတွေ လုံခြုံရေး ကိစ္စနဲ့ကတော့ မြန်မာ – ဘင်္ဂလားနယ်စပ်ကြား နတ်မြစ်အတွင်းက ကျွန်းတွေမှာအာရက္ခတပ်တော် အပါအဝင်ဘယ်လက်နက်ကိုင်အဖွဲ့မှ စခန်းချမနေထိုင်ဖို့ကို ဘင်္ဂလားဒေ့ရှ်က တောင်းဆို ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတောင်းဆိုမှု နဲ့ အတူ နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုကို ထပ်မံ မလုပ်ဆောင်ဖို့ နဲ့ လုပ်ဆောင်ခဲ့ရင်လည်း ဘင်္ဂလားဒေ့ရှ်အစိုးအနေ နဲ့ အေရးယူ ဆောင် ရွက်မှုတွေကို လုပ်ဆောင်မယ်လို့လည်းပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အာရက္ခတပ်တော်ကလည်း နှစ်နိုင်ငံနယ်စပ်ဒေသ လုံခြုံမှုအတွက် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေ အေန နဲ့ လှုပ်ရှားမှုတွေ မရှိစေဖို့ အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရ အေန နဲ့ အာရက္ခတပ်တော်ကို ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ပေးဖို့ကို တောင်းဆိုခဲ့တယ် လို့ ဆိုပါတယ်။

ARSA၊RSO အပါအဝင် အကြမ်းဖက် မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေ ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ အခြေကုတ်ယူပြီးတော့ ရခိုင်ပြည်အတွင်းကို ဝင်ရောက်ကာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့အစိုးရက ရေပိုင်နက်ကျူးကျော်ဝင်ရောက်ပြီး အာရက္ခတပ်တော်ဆီမှာ ဖမ်းဆီးခံထားရတဲ့ သူတို့ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ငါးဖမ်းသ မား တွေကိုပြန်လွတ်ပေးဖို့ အတွက်ကိုလည်း တောင်းဆို ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here