Home သတင်း စစ်ရေး စစ်တွေမြို့ မုဒ်ဦးသစ်တည်ဆောက်နေတယ်လို့ စစ်ကော်မရှင်ဆို

စစ်တွေမြို့ မုဒ်ဦးသစ်တည်ဆောက်နေတယ်လို့ စစ်ကော်မရှင်ဆို

62
0

Coastal News Agency

မြို့တော်စစ်တွေရဲ့ မြို့ မုဒ်ဦးသစ် တည်ဆောက်နေတယ်လို့ စစ်ကော်မရှင်ရဲ့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းက ထုတ်ပြန်ပြောဆိုလာပါတယ်။

အဲဒီမြို့မုဒ်ဦးသစ်တည်ဆောက်နေတာကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနဲ့ အဖွဲ့က ​စစ်တွေ မြို့တည် နှစ် ၂၀၀ ပြည့်အခမ်း အနားနေ့မှာ သွားရောက်ကွင်းဆင်းစစ်ဆေးတာတွေကိုလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီမုဒ်ဦးဒီဇိုင်ကိုတော့ ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်မိုး၊ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့က ၂၀၂၅ခုနှစ်၊ ဩဂုတ်လကတည်းက စစ်တွေမြို့က ဦးကျော်ဇံမောင်ရဲ့ ယဉ်ကျေးမှုအဖွဲ့၊ ဦးအောင်လှသိန်း(သုတေတီ) နဲ့ စာ​​ရေးဆရာတွေကို ပြည်နယ်ဥပဒေချုပ်ရုံးမှာ နှစ်ကြိမ်တွေ့ဆုံပြီး ဆွေးနွေးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ မုဒ်ဦးတည်ဆောက်ရေးကော်မတီအဖွဲ့ ဖွဲ့စည်းပြီးတော့သယံဇာ တဝန်ကြီး ဦးမြင့်စိုး က ဥက္ကဌအဖြစ် တာဝန်ယူကာ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

မုဒ်ဦးကိုလည်း မကြာမှီမှာ ဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့လည်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here