Home သတင်း စစ်ရေး ကပစ ၁၆ နဲ့ ပွိုင့် ၆၆၆ ကြား ကာကင်းစခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး အေအေဆီမှာထွက်ပြေးအလင်းဝင်

ကပစ ၁၆ နဲ့ ပွိုင့် ၆၆၆ ကြား ကာကင်းစခန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦး အေအေဆီမှာထွက်ပြေးအလင်းဝင်

56
0
ပုံ - အာရက္ခတပ်တော်က ဖမ်းဆီးရမိထားတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ များမြင်တွေ့ရမှု ။ပုံဟောင်း။

Coastal News Agency

တောင်ကုတ်-ပန်းတောင်း ရိုးတောင်အကျော် ကပစ ၁၆ နဲ့ ပွိုင့် ၆၆၆ စခန်းကြားမှာ ရှိတဲ့ ကာကင်းစခန်းငယ်တစ်ခုက စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၂ ဦးဟာ အာရက္ခတပ်တော်ဆီမှာ လက်နက်အပြည့်အစုံ နဲ့ အလင်းဝင်လာခဲ့တယ်လို့ အာရက္ခတပ်တော် ရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

သူတို့ နှစ်ဦးဟာ မနေ့က ဇန်နဝါရီလ ၁၃ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ အဲဒီကာကင်းစခန်းထဲကနေ ထွက်ပြေးလာပြီးတော့ အာရက္ခတပ်တော် ဆီမှာ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

ထွက်ပြေးကာ အာရက္ခတပ်တော်ဆီမှာ အလင်းဝင်လာသူ ၂ ဦးဟာ စစ်ကော် မရှင်က အတင်းဖမ်းဆီးပြီး စစ်မှုထမ်းခိုင်သူတွေ ဖြစ်တယ်လို့ အဲဒီသတင်းအရင်းမြစ်က ပြောပါတယ်။

“သူတို့လေးတွေက စစ်မှုထမ်းဖမ်းဆီးခံရသူတွေပါ လက်နက်တွေ အပြည့်အစုံပါပါတယ် လက်ရှိမှာတော့ သူတို့ကို လုံခြုံတဲ့ နေရာမှာ ထားထားပါတယ်။နာမည်တွေဘာတွေကိုတော့ မိသားစု လုံခြုံရေးအရ ပြောမရ သေးဘူး”လို့ သူကပြောပါတယ်။

အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ပန်းတောင်းမြို့နယ် အတွင်းမှာ ရှိတဲ့ ပွိုင့် ၆၆၆ စခန်းပတ်ဝန်းကျင်ကို ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်မှုတွေ လုပ် ဆောင်နေပြီးတော့ စစ်ကော်မရှင်တပ်ဘက်က အကျအရှုံး များစွာကို မြင်တွေ့လာကတဲ့ အခါမှာ အခုလို ထွက်ပြေးပြီးတော့ အလင်းဝင်လာကြတာ ဖြစ်တယ်လို့လည်း သူကဆိုပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ အဲဒီစခန်းတွေကို လက်နက် နဲ့ ရိက္ခာတွေ ပေးပို့လို့ မရအောင် နည်းလမ်းမျိုးစုံနဲ့ ပိတ်ဆို့ထားတဲ့ အတွက် အဲဒီစခန်းတွေမှာ ရှိနေကြတဲ့ စစ်ကော်မရှင်တပ်တွေဟာ အငတ်ဘေးတွေ နဲ့ ရင်ဆိုင်နေကြရတာတွေရှိတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေကဆိုပါတယ်။

လက်ရှိမှာတော့ စစ်ကော်မရှင်ကဟာ ကပစ ၁၆ အတွက် ကာကင်းစခန်းတွေ လုပ်ထားတဲ့ ပွိုင့်ကုန်း၊ လေလာတောင်၊ ဆင်လန် စတဲ့ ရှေ့တန်းစခန်းတွေကို ဒရုန်းအသုံးပြုပြီးတော့ စားနပ်ရိက္ခာ ပို့ဆောင်ပေးတာတွေကိုလုပ်ဆောင်ပေးနေတာရှိနေတယ်လို့လည်း ဆိုပါတယ်။

အဲဒီလို ဒရုန်းတွေ နဲ့ ပို့ဆောင်ပေးတဲ့ နေရာမှာလည်း အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေရဲ့ ပစ်ချမှုကြောင့် ရိက္ခာ နဲ့ လက်နက်ပို့ဆောင်ပေးနေတဲ့ ဒရုန်း ၄ စီးထက်မနည်းဟာလည်း ပျက်စီးမှုရှိနေရတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်တွေကပြောပါတယ်။

အာရက္ခတပ်တော်ကတော့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ အနေ နဲ့ အသက်မသေဘဲ မိသားစု နဲ့ ပြန်ဆုံချင်ရင် အလံဖြူထောင်လက်နက်ချဖို့အတွက်ကို သတိပေးပြောဆိုထားပါတယ်။

သတင်း – မြတ်သူ

LEAVE A REPLY

Please enter your comment!
Please enter your name here