ဂွမြို့နယ်၊ကျန္တလီမြို့မှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးသတ် ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
သတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားလေးကတော့ သံတွဲမြို့နယ်၊ ညောင်ပင်ကွင်းရွာကနေ ကျိန္တလီမြို့ကို စစ်ဘေးရှောင်အဖြစ်နဲ့ ရောက်နေတဲ့ ဦးသက်ဝေစိုး ရဲ့သား အသက် ၁၅ နှစ်အရွယ် မောင်လင်းမြတ်အောင် ဆိုတဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။
မောင်လင်းမြတ်အောင်ရဲ့ အလောင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ နေ့ လယ်ပိုင်းက ကျိန္တလီမြို့၊ကိုင်းတောကွင်းရွာရဲ့ ကမ်းစပ်နားမှာ ဓားဒဏ်ရာတွေ နဲ့ သေဆုံးနေတာကို တွေ့ခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူကိုယ်ပေါ်မှာ လည်ပင်းလှီးဖြတ်ဒဏ်ရာ ၂ ချက်၊ဘယ်ဘက် ရင်အုံ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ ဝမ်း ထိုးသွင်းဒဏ်ရာ ၁ ချက်နဲ့ သေဆုံးနေတာဖြစ်တယ်လို့လည်းဆိုပါတယ်။
မောင်လင်းမြတ်အောင်ကို အခုလိုဘာကြောင့် နဲ့ ဘယ်သူတွေက သတ်ဖြတ်သွားခဲ့ရသလဲဆိုတာကိုလည်း မသိရှိရသေးဘူးလို့ဆိုပါတယ်။
လက်ရှိမှာတော့ ဒီအမှုမှန်ပေါ်ပေါက်ရေးအတွက်ကို ဒေသဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့ နဲ့ နယ်မြေခံ DLEPS တပ်ဖွဲ့ဝင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။




