Home မှုခင်း တောင်ကုတ် နဲ့ ကျိန္တလီက လူသတ်လုယက်မှု တရားခံတွေကို အေအေက မဖမ်းနိုင်သေး

တောင်ကုတ် နဲ့ ကျိန္တလီက လူသတ်လုယက်မှု တရားခံတွေကို အေအေက မဖမ်းနိုင်သေး

23
0

Coastal News Agency

တောင်ကုတ် နဲ့ ကျိန္တလီမြို့က လူသတ်လုယက်မှု တရားခံတွေကို လက်ရှိအ ချိန်ထိ အာရက္ခတပ်တော် ဖမ်းဆီးဖော်ထုတ်အရေးယူတာတွေ မလုပ်နိုင်သေးဘူးလို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ဂွမြို့နယ် ကျိန္တလီမြို့ ကိုင်းတောကွင်းကျေးရွာ ကမ်းစပ်အနီးမှာ သံတွဲ့မြို့က နေ စစ်ဘေးရှောင်ဖို့ ကျိန္တလီမြို့ကို ရောက်နေတဲ့ အသက် ၁၅ နှစ်အရွယ်ကျောင်းသား မောင်လင်းမြှတ်အောင်ကို ဓားဒဏ်ရာများစွာ နဲ့ သေဆုံးနေတာကို တွေ့ရှိခဲ့ရပါတယ်။

အဲဒီလိုဘဲ ဇန်နဝါရီလ ၁၃ ရက်နေ့မှာ တောင်ကုတ်မြို့ ၊ကံပိုင်ရပ်ကွက်အ တွင်းမှာ အသက် ၆၁ နှစ်အရွယ် ဦးခင်မောင်ညွန့် ဆိုသူကို နေအိမ်ထက်အထိ တက်ကာ သတ်ဖြတ်သွားခဲ့ပြီး အိမ်တွင်းမှာ ရှိတဲ့ ငွေသား သိန်း ၇၀ ကို လုယူခြင်းခံခဲ့ရပါတယ်။

ဒီအမှု ၂ ခုစလုံးဟာ အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာ ရှေ့ဆက်နောက်ဆက် ရက်စက်စွာ သတ်ဖြတ်လုယူတာကို ခံခဲ့ရတဲ့ အမှုတွေလည်း ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိအချိန်ထိ ဒီလူသတ်လူယက်မှု ၂ ခုစလုံးအတွက်ကို အာရက္ခတပ်တော်က ဖမ်းဆီးဖော်ထုတ်နိုင်ခြင်းမရှိသေးတာကြောင့် စိုးရိမ်စရာ ဖြစ်ရပ်တစ်ခုဖြစ်နေတယ်လို့ တောင်ကုတ်ဒေသခံ တစ်ဦးကပြောပါတယ်။

“တော်တော်ဆိုးဆိုးဖြစ်တဲ့ ဖြစ်ရပ်တွေပါ တာဝန်ရှိသူတွေက ရှာနေတယ်လို့တော့ ပြောတယ် အမြန်ဖမ်းဆီးအရေးယူနိုင်ဖို့လိုတယ်။ဒီကိစ္စက ပေါ့ပေါ့တွေးလို့မရဘူး ထိထိရောက်ရောက် အရေးယူနိုင်ဖို့လိုတယ် မဟုတ်ရင် ဒီထက်ဆိုးလာမှာသေချာတယ်”လို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့မှာ မြောက်ဦးမြို့ ၊ကိုးသောင်းဘုရား အနီးက လက်စဲပိစိစေတီကုန်းခြေရင်းမှာ အမျိုးသားတစ်ဦးကို ပစ္စည်း လုယက်ကာ သတ်ဖြတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့တဲ့ ဖြစ်စဥ်တစ်ခုလည်း ရှိခဲ့ပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here