Home သတင်း စစ်အုပ်စု သတ်ဖြတ်မှုကြောင့် တစ်နှစ်အတွင်းအမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့

စစ်အုပ်စု သတ်ဖြတ်မှုကြောင့် တစ်နှစ်အတွင်းအမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့

24
0

(သေဆုံးသူအမျိုးသမီး ၇၀၀ ကျော်ထဲမှာ ရခိုင်က ၁၁၉ ဦးပါဝင်)

Coastal News Agency

မြန်မာနိုင်ငံတဝန်း စစ်အုပ်စုရဲ့ လေကြောင်း နဲ့ မြေပြင်တိုက်ခိုက်မှုကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ တစ်နှစ်အတွင်းမှာ အမျိုးသမီး ၇၉၂ ဦး သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU)က ဇန်နဝါရီလ ၁၅ ရက် ဒီနေ့ မှာ ထုတ်ပြန်ပါတယ်။

ဒီထဲက အမျိုးသမီးအများဆုံးသေဆုံးခဲ့ရတဲ့ ဖြစ်စဥ်ကတော့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ရမ်းချောင်းအနီးတဝိုက်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ်ဖြစ်ပြီးတော့ အဲဒီတိုက်ခိုက်မှု အတွင်းမှာ အမျိုးသမီး ၂၁ ဦးအထိ အစုလိုက်အပြုံလိုက် သေ ဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံတဝန်းလုံးအနေ နဲ့ စစ်အုပ်စုရဲ့ လေကြောင်း၊မြေပြင်တိုက်ခိုက်မှုကြောင့် သေဆုံမှု အများဆုံးနေရာကတော့တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်းထဲမှာ အမျိုးသမီး ၂၁၇ ဦးထိ သေဆုံးခဲ့ရပြီးတော့၊ မကွေး တိုင်းမှာ ၆၉ဦး၊ မန္တလေးတိုင်းမှာ ၁၂၃ဦး၊ရခိုင်ပြည်နယ်မှာ ၁၁၉ဦး၊ဧရာဝတီ တိုင်းမှာ ၁၇ဦး၊ ရန်ကုန်တိုင်းမှာ ၁ ဦး၊ တနင်္သာရီတိုင်းမှာ ၁၃ ဦး၊ ကချင် ပြည်နယ်မှာ ၃၁ ဦး၊ ရှမ်းပြည်နယ်မှာ ၈၁ဦး၊ ကယားပြည်နယ်မှာ ၃၁ဦး၊ ကရင်ပြည်နယ်မှာ ၁၉ဦး၊ မွန်ပြည်နယ်မှာ ၁၇ဦး၊ ချင်းပြည်နယ်မှာ ရှစ်ဦး နဲ့ ပဲခူးတိုင်းမှာတော့ ၄၆ဦးအထိ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။

အများစု သေဆုံးခဲ့ရတဲ့ အကြောင်းအရင်းကတော့ လေကြောင်းဗုံးကြဲမှုကြောင့် ၆၂၁ ဦး၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ၁၀၂ ဦး၊ မတရားသတ်ဖြတ်ခံရမှုကြောင့် ၃၉ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁၃ ဦး၊ မီးရှို့သတ်ဖြတ်ခံရမှုကြောင့် ၆ ဦး၊ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကြောင့် ၅ဦး ထောင်တွင်းဆေးဝါးကုသခွင့် မရရှိတာကြောင့် ၃ ဦး၊ ကျည်ထိမှန်မှုကြောင့် ၃ ဦးတို့ သေဆုံးခဲ့ကြရတာပါ။

ဒါ့အပြင် ၂၀၂၅ ခုနှစ်အတွင်းမှာပဲ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၇၆ ဦး၊ လက်နက်ကြီးကြောင့် ၁၆၄ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၄၁ ဦး၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြောင့် ၂၆ ဦး စုစုပေါင်း ၈၁၅ ဦးအထိ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း​ BWUကဆိုပါတယ်။

BWU အနေ နဲ့ ဒီအချက်အလတ်တွေကို သတင်းမီဒီယာတွေနဲ့ လက်လှမ်းမှီတဲ့ မြေပြင်သတင်းရင်းမြစ်တွေဆီကနေ ကောက်ယူစုဆောင်းထားခဲ့တာဖြစ်ပြီးတော့ မြေပြင်မှာ ဒီထက်ပိုနိုင်တယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here