ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့ ည ၁၀ နာရီလောက်မှာ ကျောက်ဖြူမြို့ နယ်အတွင်းက သဖန်းချောင်းကျေးရွာအတွင်းကို စစ်ကော်မရှင်တပ် ရဲ့ နေဗီက လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် လက်နက်ကြီးကျည်ထိမှန်ကာ လင်မ ယား နှစ်ဦးပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။
သေဆုံးသွားခဲ့ရသူ ၂ ဦးကတော့ အဲဒီသဖန်းချောင်းကျေးရွာ အတွင်းက အသက် ၃၄ နှစ်အရွယ် ဦးကျော်ထွန်းဝင်း နဲ့ ဇနီးဖြစ်တဲ့ အသက် ၃၀ အရွယ် ဒေါ်ခင်လင်းစိုး တို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်နေဗီတစ်စီးဟာ အဲဒီသဖန်းချောင်းကျေးရွာအတွင်းကို ဦးတည်ပြီးတော့ လက်နက်ကြီးကျည် ၃ လုံးထက်မနည်းပစ်ခတ်ခဲ့တာ ဖြစ်ပြီးတို့ သူတို့ ဇနီးမောင်နှံ နေထိုင်နေတဲ့ တဲအတွင်းကို ကျရောက်ပေါက်ကွဲ ခဲ့တဲ့ အ တွက် ၂ ဦးစလုံး ပွဲချင်းပြီးသေဆုံးခဲ့ရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ကျောက်ဖြူမြို့နယ် အတွင်းမှာ စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ဟာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေကြတာလည်း ဖြစ်ပါတယ်။
အဲဒီလို နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့ အတူ စစ်ကော်မရှင်ဟာ နေဗီကနေတဆင့် လူနေကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တာ လေ ကြောင်းကနေ ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အပြင် စက်တပ်လေထီးတွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသ ခံတွေကပြောပါတယ်။
အဲဒီလို အရပ်သားပြည်သူနေထိုင်ရာနေကာတွေကို ပစ်ခတ်တိုက်ခိုက်တာတွေ လုပ်နေတဲ့ အတွက် ကျောက်ဖြူမြို့နယ် အတွင်းမှာ ရှိတဲ့ သဖန်းချောင်း ကျေးရွာ အတွင်းက ဒေသခံပြည်သူတွေဟာ နေရပ်စွန်ခွာ ထွက်ပြေးနေကြရတာတွေ များစွာရှိနေပါတယ်။




