Home သတင်း စစ်ရေး စစ်တွေမှာ စစ်ကော်မရှင်က အရပ်သားပစ်မှတ်ထား ဖမ်းဆီးမှု ပြန်လုပ်လာ

စစ်တွေမှာ စစ်ကော်မရှင်က အရပ်သားပစ်မှတ်ထား ဖမ်းဆီးမှု ပြန်လုပ်လာ

27
0

Coastal News Agency

စစ်ကော်မရှင်တပ်တွေ နဲ့ အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်နေတဲ့ စစ်တွေမြို့မှာ စစ်ကော်မရှင်က ဒီရက်ပိုင်းအတွင်း အရပ်သားပြည်သူတွေကို ပစ်မှတ်ထားဖမ်းဆီးတာတွေ ပြန်လုပ်ဆောင်လာနေတယ်လို့ စစ်တွေမြို့ဒေသခံတွေက ပြောပါတယ်။

ပြီးခဲတဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ နဲ့ ၁၄ရက်နေ့တွေမှာ စစ်တွေမြို့နယ်ထဲက မွတ်ဆလင်တွေ နေထိုင်တဲ့ ဖွဲ့ရာကုန်းကျေးရွာ အတွင်းကို စစ်ကော်မရှင်လက် အောက်ခံ ရဲတပ်ဖွဲ့ဝင် ၁၀ ကျော်က ကားတွေနဲ့ ဝင်ရောက်လာပြီးတော့ အမျိုး သမီးတစ်ဦးအပါအဝင် မွတ်ဆလင်ဒေသခံ ၅ ဦးကို အကြောင်းမဲ့သက်သက် ဖမ်းဆီးသွားခဲ့တာဖြစ်တယ်လို့ စစ်တွေမြို့ခံတွေကဆိုပါတယ်။

အဲဒီလို စစ်ကော်မရှင်တပ်တွေ ရဲ့ လက်အောင်ခံ ရဲတပ်ဖွဲ့ဝင်တွေ ရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတဲ့ ဒေသခံ မွတ်ဆလင်တွေကတော့ ဖွဲ့ရာကုန်းကျေးရွာက အသက် ၃၅ နှစ်အရွယ် ရော်ရှိန် ၊အသက် ၃၇ နှစ်အရွယ် ဟူဆောန်အာမောက် ၊ အသက် ၃၀ နှစ်အရွယ် ဟာဆင်၊အသက် ၆၀ အရွယ် အီဆူ နဲ့ မော်တာစ် ဆိုတဲ့အမျိုးသမီးကို ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိဖမ်းဆီးသွားခဲ့တဲ့ မွတ်ဆလင်တွေကို စစ်တွေမြို့ ရဲတပ်ရင်း အမှတ် ၁၂ မှာ ထိန်းသိမ်းပြီးတော့ စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရှိထားရပေမယ့် မိသားစုတွေ နဲ့ တွေ့ခွင့် စကားပြောခွင့်ပေးတာမျိုးတော့ မရသေးဘူးလို့ ဖမ်းဆီးသွားမှု အခြေအနေကို စုံစမ်းနေသူ စစ်တွေမြို့ဒေသခံမွတ်ဆလင်တစ်ဦးကပြောပါတယ်။

စစ်ကော်မရှင်တပ်တွေဟာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာလည်း စစ်တွေမြို့နယ် အတွင်းက ဒေသခံပြည်သူတွေကို အကြောင်းမဲ့ သက်သက်ဖမ်းဆီးထောင်ချတာ များစွာကိုလည်း လုပ်ဆောင်တာ ရှိခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here