Home သတင်း စစ်ရေး ရခိုင်ကို ဘိလပ်မြေတင်သွင်းလာတဲ့ ကုန်သည် ၁၁ ဦးကို BGB ကဖမ်းဆီးထား

ရခိုင်ကို ဘိလပ်မြေတင်သွင်းလာတဲ့ ကုန်သည် ၁၁ ဦးကို BGB ကဖမ်းဆီးထား

36
0

Coastal News Agency

ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ကို ဘိလပ်မြေတင်သွင်းလာတဲ့ မွတ်ဆလင်ကုန် သည် ၁၁ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် BCG က ဇန်နဝါရီလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

အဲဒီကုန်သည် ၁၁ ဦးကို ဇန်နဝါရီလ ၁၇ ရက်နေ့ညက နတ်မြစ်အတွင်းမှာ ဘိလပ်မြေအများအပြား တင်လာတဲ့ စက်လှေတစ်စီး နဲ့ အတူ ဖမ်းဆီးရမိခဲ့တာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနောက်ပိုင်းမှာ စစ်ကော်မရှင်ဟာ သူတို့ လက်လွတ်ရပြီးဖြစ်တဲ့ ရခိုင်က အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေ တွေကို ကုန်စည်တင်သွင်းခွင့်မပေးဘဲ ပိတ်ဆို့ထားခဲ့ပါတယ်။

အဲဒီလို ပိတ်ဆို့ခံရပြီးနောက်မှာတော့ ရခိုင်ပြည်သူတွေနေ့စဥ်အသုံးအဆောင် ပစ္စည်းလိုအပ်ချက်တွေဖြစ်တဲ့ စားသောက်ကုန်၊စက်သုံးဆီ နဲ့ အိမ်ဆောက်ကုန် ပစ္စည်း အပါအဝင် ကုန်ပစ္စည်းများစွာကို အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ် နဲ့ အိန္ဒယနိုင် ငံတွေကနေ တဆင့် တရားမဝင်တင်သွင်းမှုတွေကို လုပ်ဆောင်နေကြရတာလည်း ဖြစ်ပါတယ်။

အဲဒီလိုတရားမဝင် ရခိုင်ကို တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကိုဘင်္ဂလားဒေ့ရှ်ကမ်းခြေစောင့်တပ် BCG ကလည်း ဆက်တိုက်ဖမ်းဆီးအရေးယူတာတွေ လုပ်ဆောင်နေတာကို တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့ကလည်း ရခိုင်ကိုတင်သွင်းဖို့အတွက်စား သောက်ကုန်တွေ တင်လာတဲ့ စက်လှေတစ်စီး နဲ့ ကုန်သည် ၁၀ ဦးကိုလည်း BGB တပ်က ဖမ်းဆီးတာလည်းရှိခဲ့ပါတယ်။

အခုလို မကြာခဏ ဖမ်းဆီးခံရမှုတွေ ရှိနေတဲ့အတွက် ရခိုင်ကို ကုန်ပစ္စည်းတွေ တင်သွင်းနေတဲ့ ကုန်သည်တွေမှာလည်း အရှုံးများစွာ နဲ့ ရင်ဆိုင်နေကြရတယ်လို့ မောင်တောမြို့ နယ် အတွင်းက ရခိုင်ကုန်သည် တစ်ဦးက ဆိုပါတယ်။

“ကျနော်တို့က ထီးထိုးသလိုတင်သွင်းနေရတာ အခုက ကုန်ပစ္စည်းတွေကို တ ချို့ ဘာမှလုပ်စားမရအောင်ဖြစ်သွားတဲ့ ကုန်သည်တွေလည်းရှိသွားတယ် အကြွေးပတ်လည် နဲ့ပေါ့ ။ အဓိကတော့ ဒီကိစ္စကို နှစ်နိုင်ငံ ဖြေရှင်းပြီးတော့ တရားဝင်လုပ်ခွင့်ရ ရရင် အဆင်ပြေမှာဖြစ်တယ်”လို့ သူကဆိုပါတယ်။

အဲဒီလို ဖြေရှင်းမပေးနိုင်ရင် ရေရှည်မှာ ဒေသတွင်းကုန်ပစ္စည်းပြတ်လပ်တာ၊စျေးအဆမတန်မြှင့်တက်တာတွေ ဖြစ်လာမှာဖြစ်တယ်လို့လည်း သူကထောက်ပြပါတယ်။

တဖက်မှာလည်း လက်ရှိ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသကို အုပ် ချုပ်ထားတဲ့ အာရက္ခတပ်တော်ကို ဘင်္ဂလားဒေ့ရှ်အစိုးရအနေ နဲ့ တရားဝင်အစိုးရ အဖြစ်မသတ်မှတ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here