Home လေကြောင်းတိုက်ခိုက်မှု လေကြောင်းတိုက်ခိုက်မှု ပြီးခဲ့တဲ့ ရက်က စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကျောက်ကလေရွာကို ဒီနေ့လည်း ထပ်မံဗုံးကြဲတိုက်ခိုက်

ပြီးခဲ့တဲ့ ရက်က စစ်ကော်မရှင်ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ကျောက်ကလေရွာကို ဒီနေ့လည်း ထပ်မံဗုံးကြဲတိုက်ခိုက်

37
0

(ပြီးခဲ့တဲ့ ရက်က ဗုံးကြဲတိုက်ခိုက်မှုအတွင်း ဒဏ်ရာရရှိခဲ့ရတဲ့ အမျိုးသမီးတစ်ဦးလည်းထပ်မံသေဆုံး)

Coastal News Agency

ပြီးခဲ့ ဇန်နဝါရီလ ၁၇ ရက်နေ့က စစ်ကော်မရှင်က ဗုံးကြဲတိုက်ခိုက်မှု လုပ် ဆောင်ခဲ့တဲ့ ကျောက်ကလေ ကျေးရွာကို စစ်ကော်မရှင်က ဒီနေ့မှာလည်း ဒရုန်း ၂ စီး နဲ့ ဗုံးကြဲတိုက်ခိုက်တာ ထပ်မံလုပ်ဆောင်ခဲ့တယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။

စစ်ကော်မရှင်တပ်ဟာ ဒီနေ့ ဇန်နဝါရီလ ၁၉ ရက် နေ့လယ် ၁၂ ရီ ၃၈ မိနစ်လောက်မှာ ဒရုန်း ၂ စီးနဲ့ လာရောက်ပြီးတော့ အဲဒီကျေးရွာကို ခပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ကျေးရွာ အတွင်းက နေအိမ် ၂ဆောင်မီးလောင်ပျက်စီးသွားခဲ့ရတယ်လို့လည်းဆိုပါတယ်။

“ဒရုန်း ၂ စီးနဲ့ ဗုံး ၂ လုံးလာကြဲတာတစ်လုံးက ရွာထဲကို ကျတယ် နောက်တစ်လုံးက ပင်လယ်ကမ်းခြေနားကိုကျတယ် နေအိမ် ၂ လုံးမီးလောင်သွားတယ်။ကျန်တာတော့ ထိခိုက်တာ မရှိဘူး”လို့သူကပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဒရုန်း နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးသွားခဲ့ရတဲ့ နေအိမ် ၂ လုံးကတော့ ကျောက်ကလေရွာ အတွင်းက ဒေါ်ခင်ဦးဖြူ နဲ့ ဦးင/ချက်ကြီးဆိုသူတွေရဲ့ နေအိမ်တွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၇ ရက်နေ့ ညည့် ၁၂ နာရီလောက်ကလည်း စစ်ကော်မရှင်ဟာ ဒီကျောက်ကလေကျေးရွာ အနီးမှာ ရှိနေတဲ့ စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းက ဂျက်ဖိုက်တာ နဲ့ ဗုံးကြဲတိုက်ခိုက်တာ၊အသေခံဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာလုပ်ဆောင်ခဲ့တဲ့ အတွက် စစ်ဘေးရှောင် ပြည်သူ ၂ ဦးပွဲချင်းပြီးသေဆုံးခဲ့ရသလို နောက်ထပ်စစ်ရှောင်ပြည်သူ တစ်ချို့ဟာလည်း ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ရပါတယ်။

အဲဒီလို ထိခိုက်ဒဏ်ရာ ရသွားခဲ့ရတဲ့သူတွေထဲက အသက် ၉ဝ ကျော်အရွယ် ဒေါ်အောင်မြနုဆိုသူမှာ ဆေးကုသခံယူနေရာကနေ ဒဏ်ရာပြင်းထန်တာကြောင့် မနေ့က ညနေမှာဘဲ ထပ်မံသေဆုံးသွားခဲ့ရတယ်လို့လည်း စစ်ဘေးရှောင်အရေးကူညီပေးနေတဲ့သူတွေဆီက သိရပါတယ်။

‎ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက် ညနေ ၁၀ နာရီကျော်လောက်မှာလည်း စစ်ကော် မရှင်နေဗီက ကျောက်ဖြူမြို့နယ်၊ သဖန်းချောင်ကျေးရွာကို လက်နက်ကြီး နဲ့ ပစ်ခတ်ခဲ့တာကြောင့် အဲဒီကျေးရွာ အနီးက လယ်တဲမှာစစ်ဘေးရှောင်နေတဲ့ ဇနီးမောင်နှံ ၂ ဦးနေထိုင်ရာ နေရာကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် သေဆုံးတာလည်းရှိခဲ့ရပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here