Home သတင်း စစ်ရေး ရခိုင်မှာ စစ်သုံ့ပန်းတွေထားတဲ့ နေရာကို စကမ လေကြောင်းတိုက်ခိုက်မှုပြုလုပ်

ရခိုင်မှာ စစ်သုံ့ပန်းတွေထားတဲ့ နေရာကို စကမ လေကြောင်းတိုက်ခိုက်မှုပြုလုပ်

39
0
ပုံ. ပုံဟောင်းသာဖြစ်သည်။

Coastal News Agency

အာရက္ခတပ်တော်က တိုက်ပွဲအတွင်းကနေဖမ်းဆီးရမိထားတဲ့ သုံ့ပန်း နဲ့ သုံ့ပန်းမိသားစုဝင်တွေ ထားတဲ့ နေရာကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်လာပါတယ်။

ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကော်မရှင်ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၀) ရက်၊ ည (၇) နာရီ (၂၄ )မိနစ် နဲ့ (၇) နာရီ (၂၈) မိနစ်တွေမှာ ကျောက်တော်မြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ချောင်းတူ (ခ) ဆောင်းဒုံ (Chaung Tu) ကျေးရွာအနောက်ဘက်မှာ ရှိတဲ့ နေရာတွေကို စစ်ကောင် စီကဂျက်တိုက်လေယာဉ် (၂) စီးနဲ့ ရှေ့ဆင့်နောက်ဆင့် တစ်နေရာကို ဗုံး (၂) လုံးစီကြဲချတိုက်ခိုက်ခဲ့တာလို့ ဖော်ပြထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင်အဲဒီပတ်ဝန်းကျင်မှာရှိတဲ့ စစ်သုံ့ပန်းမိသားစုဝင်တွေ နဲ့ စစ်သုံ့ပန်းတချို့ဟာလည်း ပွဲချင်းပြီးသေဆုံးတာ နဲ့ ဒဏ်ရာရတာတွေ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

အခုစစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက်ခဲ့တဲ့ စစ်သုံ့ပန်းတွေဟာ အာရက္ခတပ်တော် အနေ နဲ့ ပြန်လွတ်ပေးဖို့ အတွက် အဲဒီနေရာမှာ စုဆောင်းထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

သေဆုံး၊ ဒဏ်ရာရ အသေးစိတ်စာရင်းကိုလည်း အာရက္ခတပ်တော် အနေ နဲ့ ဆက်လက်တင်ပြပေးမယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here