Home သတင်း စစ်ရေး ဘုတလင်မြို့ကို ထွက်လာတဲ့ စကမ စစ်ကြောင်းတစ်ကြောင်း PDF တပ်တွေ နဲ့ တိုက်ပွဲဖြစ်လို့ ၂၀ သေ

ဘုတလင်မြို့ကို ထွက်လာတဲ့ စကမ စစ်ကြောင်းတစ်ကြောင်း PDF တပ်တွေ နဲ့ တိုက်ပွဲဖြစ်လို့ ၂၀ သေ

53
0

Coastal News Agency

ဘုတလင်းမြို့ကို ထွက်ခွာလာတဲ့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်း တစ်ကြောင်း နဲ့ PDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေမှာ ၁ နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော် က သတင်းထုတ်ပြန်ပါတယ်။

အဲဒီတိုက်ပွဲအတွင်းမှာ စစ်ကော်မရှင်တပ်တွေဘက်က ၂၀ ဦးခန့်ကျဆုံးခဲ့သလို နောက်ထပ် ၂၀ ဦးခန့်လောက်ဟာလည်း ဒဏ်ရာ ရရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပွိုင့် ၅ (.5) စက်သေနတ်တပ်ဆင်ထားတဲ့ ကား (၁) စီး ပျက်စီးခဲ့သလို MA 1 (၁) လက်၊ MA 2 (၁)လက် နဲ့ အခြား စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကော်မရှင်ဘက်ကလည်း တိုက်ပွဲ အတွင်းမှာ နမခ ကနေ Paramotor စက်တပ်လေထီး နဲ့ (၂)ကြိမ်၊ Y-12 နဲ့ (၂)ကြိမ်၊ အမတ(၅၀၈) ကလည်းဟော်ဝစ်ဇာ လက်နက်ကြီးနဲ့ (၅)ကြိမ်ထက်မနည်း ပစ်ကူပေးတိုက်ခိုက်ခဲ့တာရှိတယ်လို့ ဆိုထားပါတယ်။

အဲဒီတိုက်ပွဲ အတွင်းမှာ မဟာမိတ်ပူးပေါင်းတပ်တွေဘက်က အထိအခိုက်မရှိခဲ့ပေမယ့်လည်း နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေချိန်မှာတော့ စစ်ကော် မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မဟာမိတ်တပ်ဖွဲ့တွေဘက်က ရဲ ဘော်(၃)ဦး ကျဆုံးခဲ့ရတယ်လို့ ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့ အတူ Budalin Mobile Team (ဘုတလင်ရွေ့လျားစစ်ကြောင်း)၊ ရွာဇော်ကြီး – တော်လှန်အသံ (YZG)၊ ရွှေတြိဂံမဟာမိတ်တပ်ရင်း (မုံရွာခရိုင် တပ်ရင်း-၁၈)၊ မုံရွာခရိုင် တပ်ရင်း-၂၅ တပ်ခွဲ-၄ (Y.S.A.F)၊ Yada nabon Revolution Force (YRF)၊ Sagaing PDF၊ Dep eyin Mobile Team (DPY) နှင့် BLDF တပ်ဖွဲ့တွေက ပူးပေါင်း တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here