Home မှုခင်း မဲဆောက်ရဲကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတဲ့ မြန်မာ တစ်ဦးရဲ့ အဝတ် အစား နဲ့ သေနတ် သိမ်းဆည်းရမိ

မဲဆောက်ရဲကို သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားတဲ့ မြန်မာ တစ်ဦးရဲ့ အဝတ် အစား နဲ့ သေနတ် သိမ်းဆည်းရမိ

45
0
ပုံ - รอบทิศ News

Coastal News Agency

ထိုင်းနိုင်ငံ ၊တာ့ခ်ခရိုင် ၊ မဲဆောက်မြို့၊ မယ်ကုရပ်ကွက်၊ စက်ရုံတရုံဘေးက 7-Eleven အနီးမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က ရဲတပ်ဖွဲ့ဝင်တွေကိုသေ နတ် နဲ့ ပစ်ခတ်ထွက်ပြေးသွားတဲ့ မြန်မာနိုင်ငံသား အမျိုးသား ၁ ဦးရဲ့ စွန့်ပစ်ထားခဲ့တဲ့ အဝတ်အစား၊ လွယ်အိတ် နဲ့ သေနတ်တွေကို ဒီနေ့မှာ သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီစွန့်ပစ်ထားသူရဲ့ အဝတ်အစား၊လွယ်အိတ် နဲ့ သေနတ်ကို ဒီနေ့ ဇန်နဝါ ရီလ ၂၁ ရက်နေ့ မနက် ၁၁ နာရီလောက်မှာတာ့ခ်ခရိုင် မှုခင်းဆေးစစ်ချက်ဌာနက တာဝန်ရှိသူတွေက အခင်းဖြစ်ပွားရာနေရာ နဲ့ မနီးမဝေးမှာရှိတဲ့ ကြံစိုက်ခင်းအတွင်း စွန့်ပစ်ထားခဲ့တာကို ရှာဖွယ်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ထိုင်းရဲတွေကို သေနတ် နဲ့ ပစ်ခတ်ခဲ့တဲ့သူ နဲ့ အတူပါလာတဲ့ တရားခံတစ်ဦးကိုတော့ ထိုင်းရဲတွေက ဖမ်းဆီးထားပြီးတော့ ပစ်ခတ်ခဲ့တဲ့ သူကတော့ လက်ရှိအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ပါတယ်။

အဲဒီထွက်ပြေးလွတ်မြောက်နေတဲ့ အသက် ၂၀ အရွယ် မြန်မာနိုင်ငံသား တရားခံကိုလည်း ဒီနေ့အထိ ထိုင်းလက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့ဝင်အသီးသီးက ဒရုန်း (Drone) တွေ၊ ရှာဖွေရေးခွေးတွေ နဲ့ ဝိုင်းဝန်းပိတ်ဆို့ ရှာဖွေမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ပစ်ခတ်ခံခဲ့ရတဲ့ မဲဆောက်ရဲစခန်းက ရဲတပ်ဖွဲ့ဝင်ကတော့ ခွဲစိတ်ကုသမှု ခံယူပြီးနောက်မှာတော့ လက်ရှိ မဲဆောက်ဆေးရုံကြီးရဲ့ အထူးကြပ်မတ်ကုသဆောင် (ICU) မှာ ဆက်လက်ဆေးကုသခံနေရတယ်လို့သိရရာတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here