ဇန်နဝါရီလ ၂၀ ရက်နေ့ က ကျောက်တော်မြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ချောင်းတူ (ခ) ဆောင်းဒုံ (Chaung Tu) ကျေးရွာအနောက်ဘက်စစ်သုံ့ပန်းတွေ ထားတဲ့ နေရာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါတယ်။
အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ကလေး လူကြီး စုစုပေါင်း သုံ့ပန်း ၂၀ ကျော်သေဆုံးခဲ့ရပြီးတော့ ၃၀ ကျော်ဟာလည်း ဒဏ်ရာ ပြင်းပြင်းထန် ထန်ဒဏ်ရာ ရရှိခဲ့ရတယ်လို့ အာရက္ခတပ်တော်ရဲ့ သတင်းရင်းမြစ်တွေရဲ့ ကနဦးပြောဆိုချက်တွေ အရသိရပါတယ်။

ဒီစစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်ခဲ့တဲ့ နေရာက ပုဏ္ဏားကျွန်းမြို့သိမ်း တိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ သုံ့ပန်းမိသားစုဝင်တွေ ဖြစ်သလို အာရက္ခတပ်တော်က ပြန်လွှတ်ပေးဖို့ အတွက် ပြင်ဆင်ထားတဲ့ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့အာရက္ခတပ်တော် အနေ နဲ့ ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် သုံ့ပန်းဘယ်လောက်သေပြီး ဘယ်လောက်ဒဏ်ရာ ရတယ်ဆိုတာကိုတော့ မထုတ်ပြန်သေးပါဘူး။
စစ်ကော်မရှင်တပ်တွေဟာ ရခိုင်မှာ အာရက္ခတပ်တော်က တိုက်ပွဲ အတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေ ထားတဲ့ နေရာကို ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်တာကိုလုပ်ဆောင်ခဲ့တာ ရှိပြီးတော့ သုံ့ပန်း ၁၀၀ ထက်မနည်းဟာလည်း အစုလိုက်အပြုံလိုက်သေဆုံးမှုတွေ ရှိခဲ့ရပါတယ်။
ပုံ – Kyaw lin facebook




