မီဇိုရမ်ပြည်နယ်၊ ရှာဟာ ခရိုင်မှာ ရခိုင်ကုန်သည်တစ်ဦးဆီကနေ မြန်မာကျပ်ငွေ သိန်းပေါင်း ၁၇၀ ကျော် နဲ့အတူ ဆေးရွက်ကြီး၊ စီးကရက်တွေကို ဖမ်းဆီး ရမိခဲ့တယ်လို့ အာသံရိုင်ဖယ်က သတင်း ထုတ်ပြန်လာပါတယ်။
ဖမ်းဆီးရမိသူဟာ ရခိုင်ကုန်သည် တစ်ဦးဖြစ်တဲ့ အသက် ၃၇ နှစ်အရွယ် မောင်ဖြူဆိုသူ ဖြစ်ပြီးတော့ အာသံရိုင်ဖယ်တပ်ဖွဲ့က ဇန်နဝါရီလ ၂၀ ရက်နေ့ မှာ ဖမ်းဆီးရမိခဲ့တာလို့ဆိုပါတယ်။
ဖမ်းဆီးရမိတဲ့ သူနဲ့အတူမြန်မာကျပ်ငွေ ၁၇၅၀၀၀၀၀ ၊ ရူပီး ၅ သောင်းတန်းဖိုးရှိတဲ့ ဆေးရွက်ကြီးနဲ့ ရူပီး ၁၃၀၀၀၀ တန်ဖိုးရှိတဲ့ စီးကရက်တွေလည်းပါ ဝင်တယ်လို့ ဆိုပါတယ်။
ဖမ်းဆီးရမိထားတဲ့ ဖြူမောင်ကိုတော့ ဥပဒေအရ အရေးယူဆောင်ရွက်တာတွေ လုပ်နိုင်ဖို့ Tuipang ရဲစခန်း ကိုလွှဲပြောင်းပေးထားပြီးတော့နိုင်ငံခြား ငွေတရားမဝင်သယ်ယူပို့ဆောင်မှု၊ ဆေးရွက်ကြီး နဲ့ နိုင်ငံခြားစီးကရက်များမှောင်ခိုရောင်းဝယ်မှုတွေနဲ့အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
အဲဒီလိုဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း အိန္ဒိယ-မြန်မာနယ်စပ် ကျေးရွာဖြစ်တဲ့ လုံဘွန်းကျေးရွာမှာ မြန်မာ ကျပ်ငွေ သိန်းပေါင်း ၁၄၀ ကျော်ကို အာသံရိုင်ဖယ်တပ်ဖွဲ့ဝင်များကဖမ်းဆီးခဲ့တာရှိပါသေးတယ်။




