ထိုင်းရဲကို သေနတ်နဲ့ ပစ်ခတ်ပြီး ထွက်ပြေးနေတဲ့ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောကိုယ်တိုင် ဖမ်းဆီးပြီးတော့ ထိုင်းရဲတပ်ဖွဲ့ရဲ့ လက်ထဲကို ပြန်လည်အပ်နှံပေးခဲ့တယ်လို့ မဲဆောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကသူ့ရဲ့ လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွတင်ထားပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့က မဲဆောက်၊ မဲကုတိုက်နယ်အတွင်းမှာ လက် နက်သယ်ဆောင်လာသူ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင် နဲ့ ဆိုင်ကယ်မောင်းသူ ၂ ဦးတို့ကို ထိုင်းရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးဖို့လုပ်ချိန်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ အတွက် ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန်ဒဏ်ရာ ရခဲ့ပါတယ်။
အဲဒီလက်နက်ကိုင်ဆောင်လာသူ မြန်မာ ၂ ဦးထဲက ဆိုင်ကယ်မောင်းသူကိုတော့ အဲဒီနေ့မှာဘဲ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပြီးတော့ ရဲကိုသေနတ်နဲ့ ပစ်ခန်ထွက်ပြေးသွားတဲ့ ကိုနိုင်လင်းအောင်မှာ ထွက်ပြေးလွတ်မြောက်နေခဲ့တာပါ။
အဲဒီထွက်ပြေးလွတ်မြောက်နေတဲ့ ကိုနိုင်လင်းအောင်ဟာ ကော်ဘရာစစ် ကြောင်းရဲ့ ရဲဘော်ဟောင်းတစ်ဦးဖြစ်တာကြောင့် ထိုင်းမြန်မာ နယ်စပ်ကမ်းအကူမှာ ကော်ဘရာစစ်ကြောင်းမှူးကိုတိုင်က ဖမ်းဆီးပြီးတော့ထိုင်းရဲတပ်ဖွဲ့ထံကို ပြန်လည်အပ်နှံပေးခဲ့တာလည်းဖြစ်ပါတယ်။
လက်နက်ကိုင်ဆောင်ထားတဲ့ မြန်မာလူငယ် ၂ ဦးဟာ စားဝတ်နေရေးအခက် အခဲနဲ့ ငွေကြေးလိမ်လည်ခံရတာတွေကြောင့် အခုလို လက်နက်သယ်တဲ့အလုပ်ကို လုပ်ဖြစ်သွားတာလို့ မိသားစုဝင်တွေက ပြောဆိုထာယပါတယ်။
ပုံ – အွန်းလိုင်း။




