Home သတင်း စစ်ရေး ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာ အနီးက စစ်သုံ့ပန်းစခန်း လေကြောင်းတိုက်ခိုက်မှု အတွင်း ဒဏ်ရာရသူ ၃၀ ထဲမှာ ၄ ဦး...

ချောင်းတူ (ခ) ဆောင်းဒုံကျေးရွာ အနီးက စစ်သုံ့ပန်းစခန်း လေကြောင်းတိုက်ခိုက်မှု အတွင်း ဒဏ်ရာရသူ ၃၀ ထဲမှာ ၄ ဦး ဒဏ်ရာပြင်းထန်

47
0
ဓာတ်ပုံ- One Nation News

Coastal News Agency

ဇန်နဝါရီလ ၂၀ ရက်နေ့ က ကျောက်တော်မြို့နယ် နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ချောင်းတူ (ခ) ဆောင်းဒုံ (Chaung Tu) ကျေးရွာအနောက်ဘက်စစ်သုံ့ပန်းတွေ ထားတဲ့ နေရာ စစ်ကော်မရှင်လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၃၀ ထဲက ၄ ဦးဟာဒဏ်ရာပြင်းထန်တယ်လို့ ဒေသတွင်းကူညီပေးနေတဲ့ သူတွေက ပြောပါတယ်။

လက်ရှိစစ်ကော်မရှင်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ သုံ့ပန်းတွေဟာ အာရက္ခတပ်တော်က ပုဏ္ဏားကျွန်း မြို့သိမ်းတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ ၃၇၇ တပ်ရင်းနဲ့ ၅၃၉ တပ်ရင်းတွေက သုံ့ပန်းတွေကို ထားရှိတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။

“ဒဏ်ရာရသူ ၃၀ ထဲမှာ ၄ ဦးက အသက်အန္တရာယ်စိုးရိမ်စရာဖြစ်နေတယ် အတတ်နိုင်ဆုံးတော့ ဆေးဝါးကုသပေးတာတွေကိုလုပ်ဆောင်ပေးနေတယ် မနေ့က ညနေအထိတော့ အဲဒီ ၄ ဦးက တော်တော်ဆိုးဆိုးရွားရွားဖြစ်နေသေးတယ်”လို့ အဲဒီကူညီပေးနေသူ တစ်ဦးကပြောပါတယ်။

ဒီလေကြောင်းတိုက်ခိုက်မှု အတွင်းမှာ စစ်ကော်မရှင်သုံ့ပန်း နဲ့ မိသားစုဝင် ကလေးလူကြီး ၂၁ ဦးသေဆုံးခဲ့ရပြီးတော့ ၃၀ ဦးဟာလည်းဒဏ်ရာ ရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိစစ်ကော်မရှင်ကလေကြောင်းတိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ စစ်သုံ့ပန်းတွေဟာ အာရက္ခတပ်တော်က ပြန်လွှတ်ပေးဖို့ အတွက် ပြင်ဆင်ထားတဲ့ သုံ့ပန်းတွေ ဖြစ်တယ်လို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကော်မရှင်ဟာ ရခိုင်က အာရက္ခတပ်တော်က ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထားတဲ့ နေရာတွေကို ၄ ကြိမ်ထက်မနည်း လေကြောင်းတိုက်ခိုက်မှုလုပ် ဆောင်ခဲ့တဲ့ အတွက် သုံ့ပန်း ၁၀၀ ထက်မနည်းဟာ စစ်ကော်မရှင်ရဲ့ လေကြော င်းတိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ရပြီလည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here