Home သတင်း စစ်ရေး မာန်အောင် – ရမ်းဗြဲ လိုင်းဆွေးနေတဲ့ ဘုတ် နဲ့ ဘုတ်ပိုင်ရှင်ကို စကမ က ဖမ်း ဆီးထား

မာန်အောင် – ရမ်းဗြဲ လိုင်းဆွေးနေတဲ့ ဘုတ် နဲ့ ဘုတ်ပိုင်ရှင်ကို စကမ က ဖမ်း ဆီးထား

25
0

Coastal News Agency

မာန်အောင် နဲ့ ရမ်းဗြဲကို လိုင်းဆွေးနေတဲ့ ဘုတ်ပိုင်ရှင်ကို စစ်ကော်မရှင်က ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့ ဘုတ်ပိုင်ရှင်ကတော့ မာန်အောင်မြို့နယ် သစ်ပုံကျေးရွာက ဦးဇာမိုးဟန် (ခ)ခွေးချေဖြစ်တယ်လို့ဆိုပါတယ်။

သူ့ကို စစ်ကော်မရှင်တပ်က ရမ်းဗြဲကနေ မာန်အောင်သို့ ခရီးသည်တင်ဆောင်ပြီး ပြန်အလာ ဇန်နဝါရီလ ၁၉ ရက်နေ့က ပလင်တောဆိပ်ကမ်းမှာ စစ်ကော် မရှင်တပ်က ဖမ်းဆီးသွားခဲ့တာလို့ မာန်အောင်မြို့ သစ်ပုံကျေးရွာ ဒေသခံ တစ်ဦးကပြောပါတယ်။

“ဘာကြောင့်ဖမ်းတယ်ဆိုတာတော့မသိဘူး။ရမ်းဗြဲက ပြန်လာတဲ့ အခါမှာဖမ်းသွားတာ ခရီးသည်က ၄ ဦးပါတယ်လို့ သိရတယ်။သူ့ကိုတော့ ဖမ်းထားတယ် ဘုတ်ကိုလည်းသိမ်းထားတယ်။ခရီးသည်တွေကိုတော့ ပြန်လွတ်ပေးလိုက်တယ်”လို့ သူကပြောပါတယ်။

ဦးဇာမိုးဟန် (ခ)ခွေးချေဟာ ပြီးခဲ့တဲ့ နှစ်တွေက စစ်တပ် နဲ့ ပူးပေါင်းပြီးတော့ မာန်အောင်က သစ်တွေကို ခိုးခုတ်ကာ တခြားနေရာတွေသို့ ပို့ဆောင်ပေးခဲ့သူ တစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ဒီနောက်ပိုင်းမှာ တော့သူဟာ မာန်အောင်မှာ ရှိနေတဲ့ စစ်ကော်မ ရှင်တပ်ရဲ့ အရာရှိတွေ နဲ့ အဆင်မပြောမှုတွေ ဖြစ်ပွားခဲ့တာ ရှိလာနေတဲ့ အတွက် ဖမ်း ဆီးတာ ဖြစ်နိုင်သလို တဖက်မှာလည်း ခရီးသည်တင် ယာဥ်လိုင်းကို ငွေကြေး မပေးဘဲ ပြေးဆွေးနေတာကြောင့် ဖမ်းဆီးတာလည်းဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။

လက်ရှိမှာတော့ ကိုဇာမိုးဟန် (ခ)ခွေးချေကို စစ်ကော်မရှင်ရဲ့ ရေတပ်စခန်းမှာ ထိန်းသိမ်းထားပြီးတော့ မိသားစုတွေ နဲ့ တွေ့ခွင့်မပေးဘူးလို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here