Home သတင်း စစ်ရေး ကျောက်ဖြူက ဓညဝတီရေတပ်ဌာနချုပ် နဲ့ ၆ မိုင်အကွာကို အေအေ ထိုးစစ်ရောက်လာ

ကျောက်ဖြူက ဓညဝတီရေတပ်ဌာနချုပ် နဲ့ ၆ မိုင်အကွာကို အေအေ ထိုးစစ်ရောက်လာ

36
0
ပုံ - အာရက္ခတပ်တော် တပ်ဖွဲ့ ဝင်များမြင်တွေ့ရမှု။ ပုံဟောင်း။

Coastal News Agency

ကျောက်ဖြူမှာ အာရက္ခတပ်တော်ရဲ့ ထိုးစစ်တွေဟာ စစ်ကော်မရှင်ရေတပ်ဌာနချုပ်ဖြစ်တဲ့ ဓညဝတီရေတပ်ဌာနချုပ် နဲ့ ၆ မိုင်ခန့်အကွာကို ရောက်ရှိလာနေပြီးဖြစ်တယ်လို့ ဒေသခံစစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။

အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ လက်ရှိမှာပြားကျွိန်ချောင်းဖျားကျေးရွာ နဲ့ ချောင်းမြောင်ကျေးရွာ အနီးတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာလို့ အဲဒီစစ်ရေး သတင်းအရင်းမြစ်က ပြောပါတယ်။

“အခုက ပြကျွိန်ချောင်းဖျားရွာ နဲ့ ချောင်းမြောင်ကျေးရွာ အနီးကို ထိုးစစ်ရောက်နေပါပြီး ဒီနေရာက ရေတပ်ဌာနချုပ် နဲ့ ၆ မိုင်လောက်ဘဲ ဝေးပါတော့တယ်။တဖြေးဖြေးချင်းထိုးဖောက်ဝင်ရောက်နေတာ ဖြစ်တယ်”လို့ သူကပြောပါတယ်။

တဖက်မှာလည်း စစ်ကော်မရှင်တပ်တွေဟာ ဓညဝတီရေတပ်ဌာနချုပ်အနီးကို အာရက္ခတပ်တော်က ထိုးဖောက်ဝင်ရောက်မှု မရှိစေရအောင် အသေခံဒရုန်း၊နေဗီက လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတဲ့ အတွက် တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာတွေက ပြည်သူပိုင်နေအိမ်တွေဟာ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီးတော့ ပျက်စီးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က အဲဒီလို ကျေးရွာအတွင်ကို ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ကျေးရွာအတွင်းမှာ နေထိုင်နေကြတဲ့ ဒေသခံ ရာချီဟာလည်း ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့လည်း ဆိုပါတယ်။

ကျောက်ဖြူမြို့နယ် အတွင်းမှာ မြိုပေါ်ရပ်ကွက် နဲ့ တရုတ်စီမံကိန်းအနီးဝန်ကျင်ကိုလောက်တာ ထိန်းချုပ်ထားနိုင်တော့တဲ့ စစ်ကော်မရှင် ဒီရက်ပိုင်းအတွင်းမှာ တိုက်ပွဲ ဖြစ်ပွားရာနေရာတွေမဟုတ်တဲ့ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ နေရာတွေကို အသေခံဒရုန်းတွေ နဲ့ ဗုံးကြဲတာ၊ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတာတွေ အပြင် လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်တာတွေရှိနေပါတယ်။

အဲဒီလို တိုက်ခိုက်မှုကြောင့် ကျောက်ဖြူမြို့နယ် အတွင်းက စစ်ဘေးရှောင်ပြည်သူ ၅ ဦးသေဆုံးခဲ့ရသလို ဒဏ်ရာ ရသူ ၄ ဦး နဲ့အထက်ရှိနေပြီး နေအိမ် တွေလည်း များစွာပျက်စီးမှုတွေ ရှိနေရပါတယ်။

သတင်း – မြတ်သူ။

LEAVE A REPLY

Please enter your comment!
Please enter your name here