နိုင်ငံတကာတရားရုံး ICJ မှာ မြန်မာအစိုးရ အရာရှိတွေ အနေ နဲ့ မွတ်လင်တွေကို ဘင်္ဂလီလို့ ဖော်ပြသုံးနူန်းမှုအပေါ်ကန့်ကွက်တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၃ ရက်နေ့ရက်စွဲ နဲ့ ထုတ်ပြန်ကန့်ကွက်လာပါတယ်။
ဒီ အသုံးအနှုန်းဟာ အဓိကအားဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဘင်္ဂါလီလူမျိုးဒါမှ မဟုတ် ဘာသာစကားဇစ်မြစ်ရှိသူတွေကို ရည်ညွှန်းတဲ့ နေရာမှာ အသုံးများတဲ့ ဝေါဟာရဖြစ်ပြီးတော့ မွတ်ဆလင်တွေကို “တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေ အဖြစ်လို့ ပြောဆိုရာ ရောက်သလို၊ နိုင်ငံတွင်း လုံခြုံရေးခြိမ်းခြောက်သူဖြစ်တယ်ဆိုတာကို ထင်ဟပ်စေဖို့ အတွက်ကို ရည်ရွယ်ပြီးတော့ မြန်မာအစိုးရက သုံးနူန်းတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဒါ့အပြင် ဒီလို သုံးနူန်းနေတာဟာ မြန်မာနိုင်ငံအနေ နဲ့ ၂၀၁၆-၂၀၁၇ ကာလအတွင်းက မွတ်ဆလင်တွေအပေါ် ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ဆင်ခြေပေးဖို့ နဲ့ တာ ဝန်ယူမှုကနေ ရှောင်လွဲဖို့ အတွက် ကြိုပမ်းနေတာဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲပြောဆိုထားပါတယ်။
ဒါ့အပြင် “နယ်မြေရှင်းလင်းရေး”ဆိုတဲ့ စစ်ဆင်ရေးကို အကြမ်းဖက်မှုတန်ပြန်စစ်ဆင်ရေးဆိုတဲ့ အကြောင်းပြချက်ပေးနိုင်ဖို့ အတွက်ကို မြန်မာအစိုးရက ကြိုးပမ်းနေတာ ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
မွတ်ဆလင်တွေဟာ သမိုင်းအစဥ်အလာ အရ ခေတ်သစ်နယ်နိမိတ်တွေ မပေါ်ပေါက်မီကပင် အာရကန် (ရခိုင်ပြည်) မှာ အခြေချနေထိုင်ခဲ့တဲ့ သီးခြားလူမျိုးစုဖြစ်ကြောင်းကိုလည်း ကိုလိုနီခေတ် မှတ်တမ်းများနှင့် သမိုင်းအထောက်အထားများက သက်သေပြနေတယ်လို့လည်း ဆိုပါတယ်တယ်။
ဒါ့အပြင် မွတ်ဆလင်တွေ အနေ နဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဥပဒေ နဲ့ ဖယ်ကျဉ်ခြင်း မခံရမီအထိ မွတ်ဆလင်တွေဟာ မြန်မာ့နိုင်ငံရေးမှာ တက်ကြွစွာ ပါဝင်ခဲ့ပြီးတော့ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီအထိ မဲပေးခွင့် ရရှိခဲ့ကြသူတွေဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။
အဲဒါကြောင့် မြန်မာအစိုးရအနေ နဲ့ မွတ်ဆလင်တွေကို နိုင်ငံတော်နှင့် လူ့အ ဖွဲ့အစည်းရဲ့ ခွဲခြားမရတဲ့ အစိတ်အပိုင်းအဖြစ် စစ်မှန်စွာ အသိအမှတ်ပြုရန် ဖို့ကိုလည်းတောင်းဆိုတယ်လို့ ဆိုထားပါသေးတယ်။
ဒါ့အပြင် မွတ်ဆလင်တွေကို ဘေးကင်းလုံခြုံစွာ၊ ဂုဏ်သိက္ခာရှိစွာ ပြန်လည်အခြေချနိုင်ရေးနှင့် တန်းတူအခွင့်အရေးတွေပေးဖို့ကိုလည်း အလေးအနက် တိုက်တွန်းတယ်လို့ ဆိုပါတယ်။




