Home သတင်း စစ်ရေး ကျောက်ဖြူ က မူရင်းကျေးရွာ စာသင်ကျောင်းကို စကမ ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်ရှောင် ၂ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

ကျောက်ဖြူ က မူရင်းကျေးရွာ စာသင်ကျောင်းကို စကမ ဒရုန်းနဲ့ တိုက်ခိုက်လို့ စစ်ရှောင် ၂ ဦးသေဆုံး ၅ ဦးဒဏ်ရာရ

39
0
ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိ၊ အထက်တန်း စာသင်ကျောင်း၌ စစ်ဘေးရှောင်နေကြသော အရပ်သားပြည်သူများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဒရုန်း၊ ဂျက်ဖိုက်တာတို့ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အပြစ်မဲ့ပြည်သူများနှင့် စာသင်ကျောင်းပျက်စီးမှုမြင်ကွင်း

Coastal News Agency

ကျောက်ဖြူမြို့နယ်၊ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာက စစ်ဘေးရှောင်တွေ နေထိုင်နေတဲ့ အထက်တန်း စာသင်ကျောင်းကို စစ်ကော်မရှင်က မနေ့က နေ့လယ် ၁၂ နာရီလောက်မှာ ဒရုန်း နဲ့ တိုက်ခိုက်ခဲ့တဲ့ အတွက် စစ်ဘေးရှောင်ပြည်သူ ၂ ဦးသေဆုံးပြီးတော့ ၅ ဦးဒဏ်ရာ ရရှိခဲ့တယ်လို့ အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အဲဒီ မူရွင်းကျေးရွာက အထက်တန်း စာသင်ကျောင်းဟာ အနီးအနားကျေးရွာတွေက စစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီလိုဘစစ်ဘေးရှောင်ပြည်သူတွေ နေထိုင်နေတဲ့ နေရာကို ဇန်နဝါရီလ (၂၄) ရက်နေ့၊ နေ့လယ် (၁၂) နာရီ (၅၅) မိနစ် နဲ့ (၁၂) နာရီ (၅၈) မိနစ်အချိန်တွေမှာ ဒရုန်း (၂) စီးနဲ့ လာရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

သေဆုံးသွားခဲ့ရတဲ့ စစ်ဘေးရှောင်ပြည်သူတွေကတော့ မူးရွင်းကျေးရွာကို စစ်ရှောင်ဖို့ရောက်နေတဲ့ ကျောက်ဖြူမြို့နယ် သိုင်းချောင်းကျေးရွာက အသက် ၈၁ နှစ်အရွယ်ဒေါ်ဖြူနုမ နဲ့ အသက် ၅၆ နှစ်အရွယ် ဦးမှဲ့ဒေါင်း တို့ ဖြစ်ကြပါတယ်။

နောက်ထပ်ဒဏ်ရာရရှိသွားတဲ့ သူတွေကတော့ စိုင်ခြုံဒွိန်ကျေးရွာက အသက် ၉ လအရွယ် မောင်အေးမင်းခိုင်၊အသက် ၃၄ နှစ်အရွယ် ဒေါ်ခင်ဆန်းဝင်း သိုင်းချောင်းကျေးရွာက အသက် ၅၆ နှစ်အရွယ် ဒေါ်မမြရင် ဇိုင်ချောင်းကျေးရွာက အသက် ၆၇ နှစ်အရွယ် ဒေါ်ဘနုမ နဲ့ အသက် ၆၃ နှစ်အရွယ် ဦးမောင်ကျော် တို့ဖြစ်ကြပါတယ်။

ဓာတ်ပုံ- ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၂၄) ရက်နေ့တွင် ကျောက်ဖြူမြို့နယ် ဇင်ချောင်းတိုက်နယ်၊ မူရွင်းကျေးရွာရှိ၊ အထက်တန်း စာသင်ကျောင်း၌ စစ်ဘေးရှောင်နေကြသော အရပ်သားပြည်သူများအား ဖက်ဆစ် အကြမ်းဖက် စစ်ကော်မရှင်မှ ဒရုန်း၊ ဂျက်ဖိုက်တာတို့ဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးသွားသော အပြစ်မဲ့ပြည်သူများနှင့် စာသင်ကျောင်းပျက်စီးမှုမြင်ကွင်း

အဲဒီနေ့ ညနေ ၄ နာရီခွဲကျော်လောက်မှာဘဲ မူရွင်းကျေးရွာကို စစ်ကော်မရှင်က ဒရုန်း (၂) စီးနဲ့ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အပြင် ညနေ (၅) နာရီ (၂၀) မိနစ်လောက်မှာလည်း မူရွင်းရွာ နဲ့ ကုန်ဘောင်ရွာတွေကို ထပ်မံ ဗုံးကြဲတိုက်ခိုက်တာ လုပ်ခဲ့သေးတယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

ဒီတိုက်ခိုက်မှုတွေကြောင့် ပျက်စီးဆုံးရှုံးမှု ရှိမရှိဆိုတာကိုတော့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားတာ မရှိပါဘူး။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၈ရက် နဲ့ ၁၉ ရက်နေ့ တွေကလည်း ကျောက်ဖြူမြို့နယ် အတွင်းက ကျောက်ကလေကျေးရွာကို ဂျက်ဖိုက်တာ၊ ဒရုန်းတွေ နဲ့ တိုက်ခိုက်တာတွေအပြင် ပင်လယ်ပြင်မှာတပ်စွဲထားတဲ့ စစ် သင်္ဘောနေဗီတွေကလည်း လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ လုပ်ခဲ့ပါသေးတယ်။

ဒီ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ (၂) ဦးသေဆုံးခဲ့ပြီးတော့ (၂) ဦး ဒဏ်ရာရရှိခဲ့ရသလို အရပ်သားပြည်သူတွေ ရဲ့ နေအိမ်တချို့ လည်း မီးလော င်ပျက်စီးသွားခဲ့ရပါသေးတယ်။

ဇန်နဝါရီလ (၂၂) ရက်နေ့ကလည်း ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်း ကုန်ဘွေရွာကို ဒရုန်း (၁) စီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ (၂) ဦး ထိခိုက် ဒဏ်ရာရခဲ့တာလည်း ရှိခဲ့တယ်လို့ အာရက္ခတပ်တော်က ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here