Home နိုင်ငံရေး ALP အနေ နဲ့ ရခိုင်ပြည်နယ်ပဲ့ထွက်မသွားစေရေး နဲ့ သမိုင်းလိမ်လည်မှုကိုအကြောင်းပြု ဖြစ်ပေါ်နေသောပဋိပက္ခတွေကို အမြဲသိပြုနေတယ်လို့ဆို

ALP အနေ နဲ့ ရခိုင်ပြည်နယ်ပဲ့ထွက်မသွားစေရေး နဲ့ သမိုင်းလိမ်လည်မှုကိုအကြောင်းပြု ဖြစ်ပေါ်နေသောပဋိပက္ခတွေကို အမြဲသိပြုနေတယ်လို့ဆို

71
0

Coastal News Agency

ရခိုင်ပြည်နယ်ပဲ့ထွက်မသွားစေရေး နဲ့ သမိုင်းလိမ်လည်မှုကို အကြောင်းပြုပြီးတော့ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခများကို အမြဲသတိပြုနေတယ်လို့ စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP က ဒီနေ့မှာ သ တင်းထုတ်ပြန်ပြောဆိုလာပါတယ်။

ALPဟာ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာကျဆင်းစေအောင် ဖန်တီးသူတွေမမှန်မကန်တဲ့ သမိုင်းအတုတွေ နဲ့ ရခိုင်ပြည်နယ်ကိုဒုက္ခပေးသူတွေကိုလည်း ပြင်း ထန်စွာရှုတ်ချတယ်လို့ ဆိုထားပါသေးတယ်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီဟာ ရခိုင်ပြည် သူပြည်သားတွေ မြန်မာပြည် သူပြည်သား တွေ နဲ့ အတူထာဝရရပ်တည်နေမှာဖြစ်ပြီးတော့ အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ အန္တရာယ်တွေကိုလည်း အစဉ်သတိရှိရှိ စောင့်ကြည့်လျက်ရှိနေတယ်လို့ ဆိုထားပါတယ်။

လက်ရှိ နယ်သာလန်နိုင်ငံ The Hague မြို့က (ICJ )တရားရုံးမှာ ဂမ်ဘီယာနိုင်ငံရဲ့ စွပ်စွဲချက်ကို နိုင်ငံတော်အား ကိုယ်စားပြုအနေ နဲ့ ဥပဒေနှင့်အညီ ခုခံချေပနေတဲ့နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် နဲ့ ဥပဒေရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး ဦးဆောင်တဲ့ ကိုယ် စားလှယ်အဖွဲ့လုပ်ဆောင်နေမှုကို ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP) က အပြည့်အဝထောက်ခံတယ်လို့လည်း ဆိုထားပါတယ်။

ဒါ့အပြင် ALP အနေ နဲ့ ၁၉၉၀ ခုနှစ် ရိုဟင်ဂျာအမည် နဲ့ ရှုပ်ထွေးမှုတွေ ဖြစ်ပေါ်ခဲ့မှု နဲ့ တခြားသောခုနှစ်တွေမှာ ဖြစ်ပေါ်ခဲ့တဲ့ ကိစ္စတွေ နဲ့ ဆက်နွယ်တဲ့ ပြသနာတွေ နဲ့ ဖြစ်နိုင်ခြေနည်းလမ်းတွေကို အစဉ်ကြိုးပမ်းခုခံချေပလာတာတွေကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here