Home သတင်း စစ်ရေး ရခိုင်မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ပြီးမြောက်ပြီး မိခင်တပ်ရင်းကို ပြန် လာတဲ့ Bamar Amry တပ်ဖွဲ့ဝင် ဂုဏ်ပြုကြိုဆို

ရခိုင်မှာ စစ်ဆင်ရေးတာဝန် ထမ်းဆောင်ပြီးမြောက်ပြီး မိခင်တပ်ရင်းကို ပြန် လာတဲ့ Bamar Amry တပ်ဖွဲ့ဝင် ဂုဏ်ပြုကြိုဆို

62
0

Coastal News Agency

ရခိုင်ဒေသမှာ တစ်နှစ်ကျော်ကြာ ရှေ့တန်းစစ်မြေပြင်မှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဗမာ့တပ်တော် – Bamar Amryရဲ့ အမှတ် – ၁ စစ်ဦးစီးကွပ်ကဲရေးဒေသ တပ်ရင်း ၁၀၁က တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်ညမှာ မိခင်တပ်ရင်းဆီကို ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။

အဲဒီလို တစ်နှစ်ကျော်ကြာ ရှေ့တန်းစစ်မြေပြင်မှာတာဝန်ထမ်းဆောင်ပြီးကောင်းမွန်စွာ ပြန်လည်ရောက်ရှိလာကြတဲ့ ဗမာ့တပ်တော် – Bamar Amry တပ်ဖွဲ့ဝင်တွေ ၃၀ ကျော်ကို တပ်ဖွဲ့တာဝန်ရှိသူတွေ နဲ့ အတူဒေသခံတွေက ဂုဏ်ပြုကြိုဆိုခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို တစ်နှစ်ကျော်ကြာ ရခိုင်က ရှေ့တန်းစစ်မြေပြင်မှာတာဝန်ထန်းဆောင်ခဲ့တဲ့ အချိန်စစ်ဆင်ရေးအထဲမှာ ဗမာ့တပ်တော် Bamar Amry တပ်ဖွဲ့ဝင် တပ်ဖွဲ့ဝင် ၄ ဦးဟာမြင့်မြတ်စွာ အသက်ပေးဆပ်ခဲ့ရတာရှိခဲ့ပြီးတော့ တစ်ဦးကတော့ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရတာ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here