Home သတင်း စစ်ရေး စစ်တွေမြို့ကို အေအေတိုက်ခိုက်လာရင် စကမ နဲ့ ပူးပေါင်းကာ မဆုတ်မနစ်တိုက်ခိုက်ကြဖို့ စောမြရာဇာလင်း မှာကြားထား

စစ်တွေမြို့ကို အေအေတိုက်ခိုက်လာရင် စကမ နဲ့ ပူးပေါင်းကာ မဆုတ်မနစ်တိုက်ခိုက်ကြဖို့ စောမြရာဇာလင်း မှာကြားထား

90
0
ပုံ - ALP တပ်ဖွဲ့ဝင်များမြင်တွေ့ရမှု ။ ALP

Coastal News Agency

စစ်တွေမြို့တွင်းကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့ရင် တပ်ဖွဲ့ဝင်တွေ အနေ နဲ့ စစ်ကော်မရှင်တပ်တွေ နဲ့ ပူးပေါင်းကာမဆုတ်မနစ်တိုက်ခိုက်ကြဖို့ကို ရခိုင်ပြည်လွတ််​မြောက်​ရေးတပ် မတော်-ALP မှ ဥက္ကဌကြီး ​စောမြရာဇာလင်းက မှာကြားထားတယ်လို့ ALP နဲ့ နီးစပ်သူတွေက ပြောပါတယ်။

အခုလို ရခိုင်ပြည်လွတ််​မြောက်​ရေးတပ်မတော်-ALP တပ်ဖွဲ့ဝင်တွေ အနေ နဲ့ စစ်ကော်မရှင်တပ်တွေ နဲ့ ပူးပေါင်းပြီးတော့ အာရက္ခတပ်တော်ကို တိုက်ခိုက်ဖို့ အတွက် မှာကြားချက်ကို ဒီနှစ် ဇန်နဝါရီလ အတွင်းမှာ မှာကြားထားခဲ့တာဖြစ်တယ်လို့ ALP တပ်နဲ့ နီးစပ်သူ တစ်ဦးက အခုလို ပြောပြပါတယ်။

“သူတို့ စစ်တွေမှာ အလှူလုပ်တယ် အဲဒီအခမ်းအနားမှာ ရဲဘော်တွေကို သူကမှာကြားခဲ့တာဖြစ်တယ် အဲဒီတုန်းက အာရက္ခတပ်တော်ကလည်း ထိုးစစ်အရှိန်မြှင့်ပြီးတော့ တိုက်ခိုက်တာတွေနေတော့ သူလည်း တပ်ဖွဲ့ဝင်တွေကို သတိပေးမှာကြားတာဖြစ်တယ်”လို့သူကပြောပါတယ်။

လက်ရှိ စောမြရာဇာလင်း ဦးဆောင်တဲ့ ခိုင်ပြည်လွတ််​မြောက်​ရေးတပ်မတော်-ALP တပ်ဖွဲ့ဟာ စစ်ကော်မရှင်တပ်ရဲ့ အထောက်အပံ့တွေ နဲ့ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်၊ အေးသာယာလမ်းတွင် အ ခြေစိုက်ပြီးတော့ စစ်ကောင်စီ နဲ့ ပူးပေါင်းကာ စစ်တွေမြို့တွင်းမှာ ရှိနေတဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီတာတွေ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုလည်းဖြစ်ပါတယ်။

ဒေါ်စောမြရာဇာလင်း ဦးဆောင်တဲ့ ရခိုင်ပြည်လွတ််​မြောက်​ရေးတပ်မတော်-ALPဟာ မြန်မာနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA)မှာလက် မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်သလို စစ်ကော်မရှင်နဲ့ ပူးပေါင်းနေတဲ့ ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ဝင်တစ်ဖွဲ့လည်းဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here