Home လူမှုစီးပွါးရေး ရခိုင်မှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ယာဉ်စည်ကမ်းလမ်းစည်းကမ်းတွေကို ပိုမိုတင်း တင်းကြပ်ကြပ်လုပ်လာ

ရခိုင်မှာ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက ယာဉ်စည်ကမ်းလမ်းစည်းကမ်းတွေကို ပိုမိုတင်း တင်းကြပ်ကြပ်လုပ်လာ

39
0

Coastal News Agency

ရခိုင်က အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာရှိနေတဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရက ဒီနှစ်အတွင်းမှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေကို ပိုမိုတင်းတင်းကြပ်ကြပ်လုပ် ဆောင်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ ပြီးခဲ့တဲ့ နှစ်ပိုင်းက ယာဉ်တိမ်းမှောက်တာ၊ ယာဉ်အချင်းချင်း တိုက်မှုဖြစ်ပွားတာ နဲ့ အက်ဆီးဒင်းဖြစ်ပွါးတာတွေ ဆက်တိုက်ဖြစ်ပွါးခဲ့တဲ့ အတွက် သေဆုံးသူတွေ နဲ့ ဒဏ်ရာရသူတွေ များစွာရှိခဲ့ရပါတယ်။

အဲဒီလို ဖြစ်ပွါးပြီး နောက်ပိုင်းမှာတော့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရဟာ ဒီ ၂၀၂၆ ခုနှစ်အတွင်းမှာ ယာဉ်စည်းကမ်းလိုက်နာမှု မရှိတဲ့ သူတွေကို ယာဉ်အန္တရာယ် ကင်းရှင်းရေး နဲ့ မော် တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၈၇ နဲ့ အမှုဖွင့် အရေးယူသွားမှာ ဖြစ်တယ်လို့ မြို့နယ် အလိုက် ဆိုင်းဘုတ်တွေ စိုက်ထူကာ အသိပေးတာတွေကို လုပ်ဆောင်ခဲ့ပြီးတော့ လက်ရှိမှာလည်း ယာဉ်စည်းကမ်း လမ်းစည်းကမ်း နဲ့ ပတ်သက်ပြီးတော့ တင်းတင်းကြပ်ကြပ် ထပ်မံလုပ်ဆောင်လာနေ တာကိုတွေ့နေရတယ်လို့ မြောက်ဦးဒေသခံ တစ်ဦးက ပြောပါတယ်။

“အခုလည်း လက်ကမ်းစာစောင်တွေဖြန့်ဝေတာတွေ အသိပညာပေးတာတွေ ဆက်တိုက်ရှိနေတယ်။ယာဉ်စည်းကမ်းလမ်းစည်းကမ်းတွေ နဲ့ ပတ်သက်ပြီးတော့ကတော့ တော်တော်လုပ်လာတယ်။ဆိုင်ကယ်မှာ ၃ ယောက်မစီးဖို့ ကားဆိုရင်လည်း ဘာတွေဘာတွေတိတိကျကျလုပ်ရမယ်။ ၁၈ နှစ်မပြည့်တဲ့သူတွေ ယာဉ်မမောင်းဖို့ သောက်စီးမူးယစ်ပြီးတော့ ယာဉ်မမောင်းဖို့ အဲဒါတွေကို တင်းတင်းကြပ်ကြပ်လုပ်နေတယ်”လို့ သူကပြောပါတယ်။

လက်ရှိ အာရက္ခတပ်တော်က ဖြန့်ဝေပေးနေတဲ့ လက်ကမ်းစာစောင်ထဲမှာ ကား၊ ထော်လာဂျီ၊ သုံးဘီး၊ ဘေးတွဲ နဲ့ ဆိုင်ကယ်၊ စက်ဘီး၊ စက်တပ်ယာဉ်များ လေးဘီးနဲ့ အထက် ယာဉ်တွေမှာ မီးအစုံ၊ ဟွန်း၊ ကိုယ်ထည်ကြံခိုင်မှု၊ ဘေးမှန်နှစ်ဖက်၊ လီကာမှန်အပြည့်စုံ၊ ယာဉ်အောက်ပိုင်း၊ ထိုင်ခုံခါးပတ် ပါရမယ် ဆိုတဲ့ အချက်တွေ အပါအဝင် လိုက်နာရမယ့် စည်းကမ်းချက် (၁၀) ချက်ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သတ်မှတ်ထားတဲ့ စည်ကမ်းချက်တွေ နဲ့ ညီညွတ်မှု ရှိမရှိဆိုတာတွေကိုလည်း အာရက္ခပြည်သူ့တော်လှန် ရေး အစိုးရ ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့လုံခြုံရေးဌာန (DLEPS) အဖွဲ့ က စစ်ဆေးမှု တွေ ဆက်တိုက်လုပ် ဆောင်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here