Home သတင်း စစ်ရေး မြန်မာစစ်တပ်ရဲ့ စီးပွားရေး နဲ့ ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Facebook က ဖယ်ရှား

မြန်မာစစ်တပ်ရဲ့ စီးပွားရေး နဲ့ ဝါဒဖြန့်ချိရေး အကောင့်ပေါင်း ၂၇၀ ကို Facebook က ဖယ်ရှား

77
0

Coastal News Agency

မြန်မာစစ်တပ်ရဲ့ စီးပွားရေး နဲ့ ဝါဒဖြန့်ချိရေး မှာအသုံးပြုတဲ့ လူမှုကွန်ရက်စာမျက်နှာတွေ ဂရုတွေ နဲ့ပရိုဖိုင်းအကောင့်ပေါင်း ၂၇၀ ကို Facebook ကုမ္ပဏီက ဖယ်ရှားခဲ့တယ်လို့ Justice For Myanmar က ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

ဒီလုပ်ဆောင်ချက်ကို facebook ရဲ့ လူမှုကွန်ရက် မိခင်ကုမ္ပဏီ ဖြစ်တဲ့ Meta က ၂၀၂၁ ခုနှစ်မှာ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့တဲ့ စစ် တပ်ထိန်းချုပ် စီးပွားရေးလုပ်ငန်း နဲ့ မီဒီယာတွေကို ပိတ်ပင်တဲ့မူဝါဒနဲ့ အညီ ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့လည်းဆိုပါတယ်။

Facebook ရဲ့ လူမှုကွန်ရက်ကနေ ဖယ်ရှားခံလိုက်ရတဲ့ အကောင့်အများစု ကတော့ မိုင်တဲလ်ထုတ်ကုန်များ နဲ့ ဝန်ဆောင်မှုတွေကို ရောင်းချနေတဲ့ အ ကောင့်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ကျန်တဲ့ အကောင့်တွေကတော့ စစ်တပ်စီးပွားရေးလုပ်ငန်းစုကြီး ဖြစ်တဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တို့ရဲ့ ကုမ္ပဏီခွဲတွေ နဲ့ လုပ်ငန်းအမှတ်တံဆိပ်တွေ နဲ့ ဆက်စပ်အကောင့်တွေလည်း ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် တယ်လီကွန်းကွန်ရက် MECtel၊ အင်းဝဘဏ် နဲ့ မြဝတီဘဏ်၊ ဆင်မင်းဘိလပ်မြေ၊ မြန်မာဘီယာ၊ ဒဂုန်ဘီယာအမှတ်တံဆိပ်တွေ နဲ့ နန်းမြိုင်ကဖီးအပြင် Indoor Skydiving တို့နဲ့ ဆက်စပ်တဲ့ အကောင့်တွေလည်း ပါဝင်သွားခဲ့တာပါ။

စစ်တပ်ဝါဒဖြန့် facebook အကောင့်တွေဖြစ်ကြတဲ့ a Light for Justice 3၊ News Service Station နဲ့ Myanmar Inf ormation Community အကောင့်တွေကိုလည်းဖယ်ရှားခဲ့ပါတယ်။

ဒီအကောင့်တွေဟာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေတဲ့ရာဇဝတ်မှုတွေကို ပြစ်ဒဏ်ခံရခြင်းကင်းလွတ်မှု နဲ့ ကျူးလွန်နေတဲ့ စစ် တပ်ကို ပံ့ပိုးကူညီခဲ့တဲ့အကောင့်တွေ ဖြစ်တယ်လို့လည်း Justice For Myanmar ကဆိုထားပါတယ်။

Justice For Myanmar အနေ နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း စစ်တပ်နဲ့ဆက်စပ်အကောင့်တွေကို ပေးပို့တိုင်ကြားတာကိုလုပ်ဆောင်ခဲ့ပြီးတော့ အဲဒီလိုတိုင်ကြားနိုင်ဖို့အတွက် သတင်းအချက်အလက် မျှဝေပေးသူအားလုံးကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုထားပါသေးတယ်။

Alphabet၊ Apple၊ TikTok နဲ့ Telegram တွေ အနေ နဲ့လည်း မြန် မာစစ်တပ်ရဲ့ စီးပွားရေးလုပ်ငန်းများ နဲ့ ဝါဒဖြန့်ချိရေးအကောင့်တွေကို အခုချက်ချင်း ပိတ်ပင်ပေးဖို့ကို Justice For Myanmar ကတောင်းဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here