Home လူမှုစီးပွါးရေး တောဆင်ရိုင်တွေကို နိုင်နင်းပေးဖို့ မောင်တောဒေသခံ တောင်သူတွေ တောင်းဆို

တောဆင်ရိုင်တွေကို နိုင်နင်းပေးဖို့ မောင်တောဒေသခံ တောင်သူတွေ တောင်းဆို

31
0

Coastal News Agency

မောင်တောမြို့နယ် အတွင်းမှာ ရှိနေတဲ့ တောင်သူတွေ ရဲ့ စိုက်ပျိုးခင်းတွေကို ဝင်ရောက်ဖျက်ဆီးနေတဲ့ တောဆင်ရိုင်းတွေကို နိုင်နင်းပေးမှုတွေ လုပ်ဆောင် ပေးစေချင်တယ်လို့ ဒေသခံ တောင်သူတွေက တောင်းဆိုပါတယ်။

တောဆင်ရိုင်းတွေဟာ မောင်တောမြို့နယ်မြောက်ပိုင်းက ကျေးရွာတွေ ဖြစ်တဲ့ အောင်သာယာ၊ အောင်မင်္ဂလာ၊ ဖားဝပ်ချောင်းစတဲ့ ကျေးရွာတွေက တောင်သူတွေ စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေကို ဝင်ရောက်ဖျက်ဆီးတာတွေ ဆက်တိုက်ရှိနေတာလည်းဖြစ်တယ်လို့ အောင်သာယာ ကျေးရွာ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဘာမှကိုမကျန်တာ နင်တာတမျိုး ၊စားတာတမျိုးနဲ့ တော်တော်ကို ဆိုးဆိုး ရွားရွားဖြစ်နေတာ တစ်ခါတစ်ခါလာရင် အကောင် ၁၀ ကျော် ၂၀ အဲဒီလိုတွေ လာတာ”လို့ သူကပြောပါတယ်။

အဲဒီဒေသက တောင်သူတွေဟာ လက်ရှိရာသီမှာ ငရုတ်၊ပဲ ၊ခရမ်း ၊ ဖရဲ စတဲ့ ရာသီပေါ်သီးနှံတွေကို စိုက်ပျိုးကြတာ ဖြစ်ပြီးတော့ ဒီလပိုင်းအတွင်း နေ့ဘက် နဲ့ ညဘက် ပါတောဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးခဲ့တာကြောင့် စိုက် ခင်းများစွာ ပျက်စီးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒါကြောင့် လက်ရှိတောဆင်ရိုင်းတွေရဲ့ ဝင်ရောက်ဖျက်ဆီးမှု ရန်ကနေ ကာကွယ်နိုင်အောင် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေ နဲ့ လုပ်ဆောင် ပေးစေချင်တယ်လို့ နောက်ထပ် အောင်သာယာ ကျေးရွာ ဒေသခံတောင်သူ တစ်ဦးကတောင်းဆိုပါတယ်။

“လုပ်ပေးလို့ ရရင်တော့ ဒီတောဆင်ရိုင်းတွေမလာစေအောင် လုပ်ဆောင် ပေးစေချင်တာပေါ့ ကျနော်တို့ကတို့ ဘာမှမလုပ်တတ်ဘူး ဝင်လာရင် သေမှာစိုး လို့ကို ပြေးနေရတာ”လို့သူကဆိုပါတယ်။

ဒီလို စိုက်ခင်းတွေကို တေဆင်ရိုင်းတွေ ဝင်ရောက်ဖျက်ဆီးတဲ့ အတွက်စိုက် ပျိုးတောင်သူတွေမှာလည်း အရှုံးနဲ့ ရင်ဆိုင်ရပြီးတော့ စားဝတ်နေရေး ခက်ခဲ မှုတွေကို ဖြစ်စေတယ်လို့လည်း တောင်သူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ မိုးတွင်းကာလကလည်း မောင်တောမြို့နယ် မြောက်ပိုင်းက အူဆိန်းဂျား၊ ကြက်ရိုးပြင်၊ လောင်းဒုံ ကျေးရွာတွေက စပါးစိုက်ခင်းတွေကို တောဆင်ရိုင်တွေ ဝင်ရောက်ဖျက်ဆီးတာ ရှိခဲ့တဲ့ အတွက်စပါးစိုက်ခင်းတွေ ပျက် စီးမှုတွေလည်း ရှိခဲ့ရပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here