Home သတင်း စစ်ရေး ကပစ ၁၆ ကာကင်းစခန်းကုန်း ပွိုင့် ၆၆၆ စခန်းကို အာရက္ခတပ်တော် ပြန်လည် သိမ်းယူ

ကပစ ၁၆ ကာကင်းစခန်းကုန်း ပွိုင့် ၆၆၆ စခန်းကို အာရက္ခတပ်တော် ပြန်လည် သိမ်းယူ

16
0

Coastal News Agency

ပန်းတောင်းမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ကပစ ၁၆ ကာကင်းစခန်းကုန်း ပွိုင့် ၆၆၆ စခန်းကုန်းကို အာရက္ခတပ်တော်က ဇန်နဝါရီလ ၂၈ ရက်နေ့မှာ ပြန်လည်သိမ်းယူလိုက်ပြီးဖြစ်တယ်လို့ စစ်ရေး သတင်းအရင်းမြစ်တွေကပြောပါတယ်။

စစ်ကော်မရှင်ရဲ့ လူအင်အား လက်နက်အင်အား အပြည့်ဖြည့်တင်းပြီး ပြန် လည်ပြုပြင်ထားပြီးတဲ့ နောက်မှာ အာရက္ခတပ်တော်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်လိုက်တာလို့ အဲဒီစစ်ရေးသတင်းအရင်းမြစ်ကပြောပါတယ်။

“သိမ်းပိုက်လိုက်တဲ့ သတင်းက အမှန်ပါ။စစ်လက်နက်ခဲယမ်းတွေလည်း အမြောက်အများသိမ်းဆည်းရမိပါတယ် တပ်ဖွဲ့ဝင်တချို့လည်း ဖမ်းဆီးရမိတာရှိပါတယ်”လို့ သူကပြောပါတယ်။

အခု ပြန်လည်သိမ်းပိုက်လိုက်တဲ့ ပွိုင့် ၆၆၆ စခန်းကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် အောက်တိုဘာလအတွင်းမှာ သိမ်းပိုက်ရရှိခဲ့ပြီး ဖြစ်တဲ့ စခန်းတစ်ခုဖြစ်ပြီးတော့ စစ်ကော်မရှင်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ဆက်တိုက်လုပ်ဆောင်ခဲ့တဲ့ အတွက် စခန်းက​နေပြန်လည်ဆုတ်ခွာပေးခဲ့တဲ့ စခန်းတစ်ခုလည်းဖြစ်ပါတယ်။

အဲဒီနောက်မှာတော့ စစ်ကော်မရှင်တပ်တွေဟာ စခန်းကုန်းအတွင်းကိုပြန် လည်ဝင်ရောက်နေရာယူပြီးတော့ လက်နက်ကြီးတွေတပ်ဆင်တာ စစ်အင် အားတွေ ဖြည့်တင်းတာ စတာတွေကိုလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို လက်နက်အင်အား စစ်အင်အားဖြည့်တင်းပြီးတဲ့ နောက်မှာ အာရက္ခတပ်တော်ဘက်ကလည်း ထောက်ပို့ရေးလမ်းကြောင်းတွေကို ပိတ်ဆို့ထား ခဲ့တဲ့ အတွက် စစ်ကော်မရှင်ဟာ ဒရုန်းတွေ နဲ့ ရိက္ခာပို့ခဲ့ရသလို စစ်ကော်မရှင်တပ်ဖွဲ့ဝင် ရာချီဟာလည်း ဒီထဲမှာ ပိတ်မိနေခဲ့ကြရပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်ဟာ ဒီစခန်းကုန်းကို ပြန်လည်ရယူနိုင်ရေး အတွက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here