စစ်တွေအကျဥ်းထောင်မှာ အကျဥ်းသား ၂ ဦးဆေးကုသခွင့် မရတဲ့ အတွက် အသက် ဆုံးရှုံးသွားခဲ့ရတယ်လို့ Justice Network For Political Prisoners – JNPP က ဒီနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
သေဆုံးသွားခဲ့ရတဲ့အကျဥ်းသား ၂ ဦးကတော့ အကျဥ်းသား အသက် ၄၂ နှစ်အရွယ် ဦးသိန်းထွန်းစိန် နဲ့ အကျဥ်းသူ အသက် ၃၂ နှစ်အရွယ် မစောတင်မေ တို့ ဖြစ်ကြတယ်လို့ဆိုပါတယ်။
အကျဥ်းသား အသက် ၄၂ နှစ်အရွယ် ဦးသိန်းထွန်းစိန်မှာ ပုဒ်မ ၁၇(၁)၊ပုဒ်မ ၅၂(က)၊ ပုဒ်မ ၅၀၅ တို့ နဲ့ တရားစွဲဆိုခံထားရပြီးတော့ စစ်ကော်မရှင်ကထောင်ဒဏ် အနှစ် ( ၄၀ ) ချခံထားရတဲ့သူ ဖြစ်တယ်လို့ ဆိုပါတယ်။
အကျဥ်းသား ဦးသိန်းထွန်းစိန်ဟာ အကျဥ်းထောင်အတွင်းအပြစ်ဒဏ် ကျခံနေရစဥ် ဗိုက်အောင်ဝေဒနါကို အပြင်းအထန်ခံစားခဲ့ရပြီးတော့ ရောဂါအခြေ အနေမဆိုးရွားခင်မှာ စစ်ကော်မရှင်ရဲ့ ထောင်အာဏာပိုင်တွေက ဆေးကုသခွင့် မပေးခဲ့တဲ့ အတွက် ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၈ ရက်နေ့မှာ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
အကျဥ်းသူ မစောတင်မေ ဟာလည်း စစ်ကော်မရှင်က ပုဒ်မ ၁၇(၁) နဲ့ ထောင်ဒဏ် (၃) နှစ် အကျဉ်းကျခံထညးရတဲ့ သူတစ်ဦးဖြစ်ပြီးတော့ စစ် ကြောရေးကနေ ရလာတဲ့ ဒဏ်ရာ၊ ဝေဒနာတွေကို ဆေ ကုသခွင့်မရခဲ့တဲ့ အတွက် စစ်တွေအကျဉ်းထောင်တွင်း မှာ သေဆုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။
အခုလိုအကျဥ်သားတွေကို အသက်ဆုံးရှုံးတဲ့ အထိ ဆေးကုသခွင့်မပေးဘဲ နိုင်ငံရေးအကျဉ်းသားများအပေါ် ရည်ရွယ်ချက်ရှိရှိ နဲ့ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ စစ်ကော်မရှင်ရဲ့ စစ်တွေအကျဥ်းထောင် တာဝန်ခံ နဲ့ အရာရှိ တွေကို နိုင်ငံတကာနဲ့ မိဘပြည်သူများ သိရှိနိုင်ဖို့အတွက် JNPP က ဆက်လက်ဖော်ထုတ်သွားမယ်လို့လည်း ဆိုထားပါတယ်။
ဒါ့အပြင် အခုလို အကျဥ်းသားအပေါ်ကျူးလွန်နေမှုတွေကိုလည်း JNPP အနေ နဲ့ မှတ်တမ်းတင်ထားပြီးတော့ နောင်တစ်ချိန်မှာ သူတို့ ကျူးလွန်ခဲ့တဲ့ အမှုတွေကိုအပြည့်အဝတာဝန်ယူရမှာဖြစ်သလို ထိရောက်စွာ အရေးယူနိုင် ဖို့အတွက်ကိုလည်း လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။




