ဂွမြို့နယ် အတွင်းကို ဒီရက်ပိုင်း စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတို က်ခိုက်တာ နဲ့ နေဗီကနေ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတဲ့ အတွက် ဒေသခံပြည်သူတွေဟာ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်စာ မနေ့က ဇန်နဝါရီလ ၉ ရက်နေ့မှာ ဂွမြို့နယ်အတွင်းက နေ ရာတချို့ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ၅ ကြိမ်အထိ လာရောက်ဗုံးကြဲတိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာရှိခဲ့တယ်လို့ ဂွမြို့ဒေသခံ တစ်ဦးက ပြောပါတယ်။
“လူထိခိုက်တာတော့မရှိဘူး မြို့တွင်းနေရာတချို့ကိုလာကြဲသွားတာဖြစ်တယ် အဆောက်အဦးတချို့ကတော့ ပျက်သွားတာရှိတယ်။ မနက်ပိုင်း နဲ့ နေ့လယ်ပိုင်းကို လာကြဲသွားတာဖြစ်တယ် “လို့ သူကပြောပါတယ်။
ဒါ့အပြင် ဂွမြို့ပင်လင်ပြင်အနီးမှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်ရဲ့ နေဗီကလည်း ဂွပင်လယ်ကမ်းခြေအနီးက ကျေးရွာတွေကို လက်နက်ကြီးတွေ နဲ့ အချက် ၂၀ ထက်မနည်း ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်ခဲ့တာလည်း ရှိခဲ့တယ်လို့လည်း ဒေသခံ တစ်ဦးကဆိုပါတယ်။
“မနေ့က ကြွေချိုင်ဘက်ကိုလည်း နေဗီက လက်နက်ကြီး နဲ့ အချက် ၂၀ လော က်ပစ်ခဲ့တာရှိခဲ့တယ် ကမ်းခြေနားက ကျေးရွာတွေကိုပစ်တာဖြစ်တယ်။အဲဒီလို မကြာခဏ စစ်ကော်မရှင်က ပစ်ခတ်တာတွေရှိတယ် အဲဒီဘက်က”လို့ သူကပြောပါတယ်။
ဒီလို စစ်ကော်မရှင်က တိုက်ပွဲတစုံတစ်ရာ ဖြစ်ပွားတာမရှိတဲ့ ကျေးရွာတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်တာ လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာ တွေကို လုပ်ဆောင်နေတဲ့ အပေါ်မှာ ဒေသခံ တွေ အနေ နဲ့ စိုးရိမ်မှုတွေလည်း ရှိနေကြရတယ်လို့ ဆိုပါတယ်။
ရခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုကို အာရက္ခတပ်တော်ဆီမှာ လက်လွတ်ဆုံးရှုံးထားခဲ့ရတဲ့ စစ်ကော်မရှင် အဲဒီမြို့နယ် အတွင်းက အရပ်သားပြည်သူတွေ နေထိုင်ရာနေရာတွေ၊ဆေးရုံတွေ နဲ့ စစ်သုံးပန်းတွေထားတဲ့ နေရာတွေကု် လေကြောင်းဗုံးကြဲတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူး လွန်နေတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ကလည်း ပုဏ္ဏားကျွန်းမြို့နယ် နဲ့ ကျောက်တော်မြို့နယ် အစပ်က တိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံးပန်းတွေ ထားရှိထားတဲ့ ချောင်းတူ(ခ)ဆောင်းဒုံ ဆိုတဲ့နေရာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် စစ်သုံ့ပန်း ၂၁ ဦးသေဆုံးခဲ့ရပြီးတော့ ၃၀ ဟာလည်းဒဏ်ရာ ရတာရှိခဲ့ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက ပြ ည်သူတွေ အသုံးပြုနိုင်ဖို့အတွက် အင်တာနက်ဝန်ဆောင်မှု ပေးထားတဲ့ နေရာကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်တာကိုလည်း လုပ်ဆောင်ခဲ့တာလည်း ရှိခဲ့ပါသေးတယ်။




