Home ဓါတ်ပုံသတင်း ရခိုင်မှာ အစ္စလာမ်ဘာသာရေးပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ULA/AA အရာရှိတွေတက်ရောက် ဂုဏ်ပြုခဲ့

ရခိုင်မှာ အစ္စလာမ်ဘာသာရေးပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ULA/AA အရာရှိတွေတက်ရောက် ဂုဏ်ပြုခဲ့

22
0

Coastal News Agency

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ရခိုင်မှာ စ္စလာမ်ဘာသာရေးပညာရည်ချွန်ဆုပီးပွဲအခမ်းအနားကို တစ်ခုကို ကျင်းပပြုလုပ်ခဲ့ပြီးတော့ အဲဒီအခမ်းအနားကို ULA/AA ကအရာရှိတွေတက်ရောက်ကာ ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။

ဒီအခမ်းအနားကို အခမ်းအနားသို့ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ အစ္စလာမ်ဘာသာရေးကျောင်းသားများ၊ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော်- ULA/AA က သက်ဆိုင်ရာ အရာရှိများ နဲ့ တခြားဌာနဆိုင်ရာ စုစုပေါင်း ၁၅၀၀ လောက်ဟာ တက်ရောက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရခိုင်က အာရက္ခတပ်တော်သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့နယ်တွေမှာ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အစ္စလာမ်ဘာသာရေးစာသင်ကျောင်းတွေကို လွတ်လပ်စွာ ဖွင့်လှစ်သင်ကြားခွင့် ပြုထားတဲ့ အတွက် အစ္စလာမ်ဘာသာရေးစာသင်ကျောင်း(မဒ္ဒရာဆာ) (၁၀) ကျောင်း ကိုဖွင့်လှစ်ကာ ဒုတိယတန်း ကနေ အဋ္ဌမတန်း အထိ ပညာသင်ကြားမှုတွေ ရှိနေတာလည်းဖြစ်ပါတယ်။

အဲဒီကျောင်း ၁၀ ကျောင်းမှာ ကျောင်းသားကျောင်းသူ ဦးရေ ၄၀၂ ဦးတက်ရောက်ပညာသင်ကြားပြီးတော့ စာမေးပွဲဖြေဆိုရာတွင် ဂုဏ်ထူးရ ကျောင်း သား ၆၁ ဦး နဲ့ ရိုးရိုးအောင်မြင်ခဲ့သူ ၃၂၀ ဦးရှိခဲ့တဲ့ အတွက် ဆုပေးပွဲ အခမ်း အနားကို ကျင်းပပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။

မွတ်ဆလင်တွေဟာ ယခင်အစိုးရလက်ထက်ကပင် ပညာရေး၊ကျန်းမာရေး၊ဘာသာရေးတွေ အပြင် အမျိုးမျိုးသော ပိတ်ပင်မှုတွေကို ခံထားခဲ့ရတာဖြစ်ပြီးတော့ လက်ရှိ အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်ရောက်ရှိလာချိန်မှာ အစစအရာရာကို လွတ်လပ်စွာ လုပ်ကိုင်ခွင့်တွေ ရရှိလာနေတာလည်း ဖြစ်ပါတယ်။

ပုံ – APM

LEAVE A REPLY

Please enter your comment!
Please enter your name here