အာရက္ခပြည်သူ့ရေးရာမူဝါဒ နှင့် စီမံအုပ်ချုပ်ရေးကျောင်း Arakan School of Public Policy and Administration(ASPPA) ရဲ့ လစ်လပ်နေရာတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် ဝန်ထမ်းခေါ်ယူမှုကို လုပ်ဆောင်နေပါတယ်။
ဒီဝန်ထမ်းခေါ်လျှောက်လွှာကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ပါတီဗဟိုရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခေါ်ယူနေတာဖြစ်ပြီးတော့ယှဉ်တွဲဖော်ပြပါ သတ်မှတ်အရည်အချင်းနဲ့ ကိုက်ညီ တဲ့ အာရက္ခပြည်သူ့တော် လှန်ရီးအစိုးရရဲ့ ဌာနတွင်း ဝန်ထမ်း နဲ့ ပြင်ပကအရည်အချင်းရှိပြီး စိတ်ဝင်စားတဲ့သူမည်သူမဆိုလျှောက်ထားနိုင်တယ်လို့ ဆိုထားပါတယ်။
လျှောက်ထားမယ့်သူတွေ အနေ နဲ့ကတော့ (က) Academic Affairs (အင်္ဂလိပ်စာဘာသာရပ်ပြ ဆရာ (ခ) Academic Affairs ယူနစ် သင်ထောက်ကူဆရာ (ဂ) Information Technology (IT) IT Officer (ဃ) Information Technology (IT) IT Assistant (င) ရုံးစာရေး ရာထူးတွေဖြစ်ကြပါတယ်။






