ကျောက်ဖြူမြို့အကျဉ်းထောင်တွင်းက အကျဉ်းသား ၅ ဦးဟာ ဖေဖော်ဝါရီလ ၃ ရက်နေ့က ထောင်ခြုံရေးတစ်ဦးကို သတ်ဖြတ်ကာ အကျဉ်းထောင်တွင်းက ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးသွားကြတဲ့ အကျဉ်းသားတွေဟာ ဒစရိုက်မှုတွေကို ကျူးလွန်ထားတဲ့အတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသူဖြစ်ပြီးတော့ မနေ့က နေ့လယ်လောက်မှာ အသက်ကြီးပိုင်း ထောင်လုံခြုံရေး တစ်ဦးကို စူး နဲ့ အချက်ပေါင်းများစွာထိုးနှက်သတ်ဖြတ်ကာ ထောင်ဖော်ထွက်ပြေးသွားခဲ့တာဖြစ်တယ်လို့ ကျောက်ဖြူဒေသခံ တစ်ဦးက ပြောပြပါတယ်။
“မုဒိမ်းမှု ၊လူသတ်မှု တွေ နဲ့ နှစ်ရှည်ထောင်ဒဏ်ချခံထားရသူတွေလို့ သိရတယ် ကျောက်ဖြူဒေသခံတွေပါ အကျဉ်းသားတွေက နယ်ဘက်မှာ အဲဒီလို ရာဇဝတ်မှုများစွာကို ကျူးလွန်ပြီးတော့ ထောင်နှစ်ရှည် ချခံထားရသူတွေဖြစ်တယ် ထောင်လုံခြုံရေးကတော့ စူးတွေ နဲ့ အချက်ပေါင်းများစွားထိုးခံရပြီး ပွဲချင်းပြီးသေဆုံးသွားခဲ့ရတယ်”လို့ သူကပြောပါတယ်။
အဲဒီလို ထောင်လုံခြုံရေးကို သတ်ဖြတ်ကာ ထွက်ပြေးသွားတဲ့ အကျဉ်းသားတွေကို စစ်ကော်မရှင်လက် အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ နဲ့ စစ်တပ်တွေက ရပ်ကွက်အတွင်းလိုက်လံရှာဖွယ်တာတွေ လုပ်ဆောင်နေပေမယ့် ဒီနေ့ မနက်ပိုင်း အထိ ပြန်လည်ရှာဖွယ်ဖမ်းဆီးလို့ မရသေးဘူး ဆိုပါတယ်။
ကျောက်ဖြူမြို့နယ်ဟာ လက်ရှိစစ်ကော်မရှင်က အုပ်ချုပ်ထားဆဲဖြစ်တဲ့ မြို့နယ်တစ်ခုလည်း ဖြစ်ပြီးတော့ လူ သတ်မှု၊မုဒိမ်းမှု အပါအဝင် ခိုးဆိုးလုယက် ရာဇဝတ်မှု များစွာဖြစ်ပွါးနေတဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။
သတင်း – မြတ်သူ။




