Home နိုင်ငံရေး ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဆိုကာ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံ ရေးကောင်စီက ဥပဒေတစ်ရပ် ပြဌာန်း

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဆိုကာ အမျိုးသားကာကွယ်ရေး နှင့် လုံခြုံ ရေးကောင်စီက ဥပဒေတစ်ရပ် ပြဌာန်း

12
0

Coastal News Agency

အခြေခံ ဉပဒေပုဒ်မ ၄၂၇ အရ ပြည်ထောင်စုလွှတ်တော် ရဲ့ ဥပဒေပြုခွင့်အာ ဏာကို ကျင့်သုံးပြီးတော့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေဆိုကာ ဥပဒေတစ်ရပ်ကို ပြဋ္ဌာန်းထုတ်ပြန်လာပါတယ်။

ဒီပြဋ္ဌာန်းချက် ဥပဒေကို ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေလို့ ခေါ်တွင်ရမှာဖြစ်ကြောင်းကို ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ထုတ်ပြန်လာခဲ့တာပါ။

ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဥပဒေကိုပြန်ဌာန်းရတာဟာ ဒီမိုကရေစီစနစ် ခိုင်မာရေး၊ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေး၊ တိုင်းပြည်သာယာ၀ပြောရေး နဲ့ စားနပ်ရိက္ခာပေါများရေးအတွက် ရည်ရွယ်ပြီးတော့ပြဋ္ဌာန်းလိုက်တာဖြစ်တယ်လို့လည်းဆိုထားပါသေးတယ်။

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီကို ဥက္ကဋ္ဌ အတွင်းရေးမှူးအပါအဝင် အဖွဲ့ဝင် ၅ ဦးထက်မနည်း နဲ့ ဖွဲ့စည်းရမှာဖြစ်တယ်လို့လည်း ဒီပြဋ္ဌာန်းချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိ ပြဋ္ဌာန်းထားတဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီဟာ နိုင်ငံတော်သမ္မတ သက်တမ်းအတိုင်းဖြစ်ပြီးတော့ ဥပဒေပါ ပြဌာန်းချက်တွေကို အကောင်ထည်ဖော် ဆောင်ရွက်နိုင်ဖို့အတွက်ကိုလည်း လိုအပ်တဲ့ နည်းဥပဒေ၊ အမိန့်၊ ကြေငြာစာ နဲ့ ညွှန်ကြားချက်တွေကို ထုတ်ပြန်နိုင်တယ်လို့လည်း ဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here