ကျောက်ဖြူမြိူ့နယ် အတွင်းမှာ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တို့ နှစ်ဖက်တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားနေပြီးတော့ စစ်ကော်မရှင်က လေ ကြောင်း၊ဒရုန်း နဲ့ လက်နက်ကြီးပစ်ခတ်တာတွေကို ဆက်တိုက်လုပ်ဆောင်နေ တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ် တွေကပြောပါတယ်။
နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့ သစ်ပုတ်တောင်အနီးတဝိုက်ကို စစ်ကော်မ ရှင်က စစ်အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ထိုးစစ်ဆင်လုပ်ဆောင်နေပြီးတော့ လေကြောင်း၊ဒရုန်း တွေအပြင် နေဗီတွေကလည်း တနေကုန် လက်နက် ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်တာကို လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ကျော က်ဖြူမြို့ ဒေသတွင်း သတင်းအရင်းမြစ်တစ်ဦးက ပြောပါတယ်။
“တနေကုန်ပစ်တာနေဗီကလက်နက်ကြီးက ပြီးတော့လေကြောင်းကလည်း ကလက်စတာ ဗုံးတွေနဲ့ ကြဲချတယ် ဒရုန်းတွေ နဲ့လည်း ဗုံးတွေ ချတာ ရှိတယ် တိုက်ပွဲပြင်းနေတာကတော့ သစ်ပုတ်တောင်အနီးမှာ ပြင်းနေတာဖြစ်တယ်”လို့ သူက ဆိုပါတယ်။
လက်ရှိ သစ်ပုတ်တောင် အနီးတဝိုက်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ စစ်ကော် မရှင် စစ်ကြောင်းဟာ ရဲတပ်ရင်း ၃၂ နဲ့ တခြားနေရာက ရောက်လာတဲ့ စစ် ကြောင်းတွေကို စုပေါင်းစပ်ပေါင်းလုပ်ထားတဲ့ အတွက် အင်အား ၂၀၀ ဝန်ကျင်လောက်အထိ ရှိနေတဲ့ စစ်ကြောင်းတစ်ကြောင်းဖြစ်တယ်လို့လည်းသိရပါတယ်။
တဖက်မှာ စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့က ထပ်မံပို့ဆောင်ပေးခဲ့တဲ့ စစ်အင်အား ၄၀၀ ဝန်းကျင်ကို စစ်ကြောင်း ၂ ကြောင်း ခွဲကာ ဓညဝတီရေတပ်ဌာနချုပ် အနီးဝန်းကျင် နေရာတွေကို ထိုးစစ်ဆင်နေတာ တွေရှိနေတယ်လို့လည်း စစ်ရေးသတင်းအရင်းအမြစ်က ဆိုပါတယ်။
“ဇန်နဝါရီလ အတွင်းက အသစ်ပို့ထားတဲ့ စစ်အင်အား နဲ့ ရေတပ်အနားက မင်းပြင်ဖက်ကို စစ်ကြောင်း ၂ ကြောင်းခွဲပြီးတော့ ထိုးစစ်ဆင်နေတာတွေ ရှိနေတယ်။ထိတွေ့တိုက်ပွဲတွေကတော့ ရှိတယ် အဲဒီဘက်မှာ”လို့ သူကပြောပါတယ်။
အဲဒီလို အင်အားအလုံးအရင်း နဲ့ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ နေရာ တွေကို စစ်ကော်မရှင်က ထိုးစစ်ဆင်မှုတွေ လုပ်ဆောင်နေပေမယ့် အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ နေရာတွေကို လက်ရှိအချိန်ထိ နည်းနည်းလေးမျှ တောင် သိမ်းပိုက်နိုင်တာမရှိသေးဘူးလို့လည်း သိရပါတယ်။
လက်ရှိမှာတော့ အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တပ်တွေဟာ ကျောက်ဖြူမြို့ အနီးတဝိုက်က နေရာ ၄ ခုထက်မနည်းမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
သတင်း – မြတ်သူ




