Home သတင်း စစ်ရေး တော်လှန်ရေး ကာလတလျှောက်ပေးဆပ်အနစ်နာခံခဲ့ကြတဲ့KIO/KIA သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုတယ်လို့ ညီနောင်သုံးဖွဲ့ ပြောဆို

တော်လှန်ရေး ကာလတလျှောက်ပေးဆပ်အနစ်နာခံခဲ့ကြတဲ့KIO/KIA သူရဲကောင်းတွေကို ဦးညွှတ်အလေးပြုတယ်လို့ ညီနောင်သုံးဖွဲ့ ပြောဆို

19
0

Coastal News Agency

တော်လှန်ရေးအစက နေ ဒီနေ့အထိ တော်လှန်ရေး ကာလ (၆၅) နှစ်အတွင်းမှာဘအသက်၊ ဘဝ၊ ခန္ဓာ ပေးဆပ်စွန့်လွှတ် အနစ်နာခံခဲ့ကြတဲ့ ကချင့်အာဇာနည် တွေ နဲ့ သူရဲကောင်းအားလုံးကို ညီနောင်သုံးဖွဲ့ အနေ နဲ့ ဦးညွှတ်အလေးပြုတယ် ပြောဆိုလိုက်ပါတယ်။

ဒီပြောဆိုချက်ကို ညီနောင် မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ PSLF/TNLA ၊ MN TJP/MNDAA နဲ့ ULA/AA တို့က ဒီနေ့ ဖေဖော်ဝါရီလ (၅) ရက်နေ့ မှာ ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ အခမ်းအနား သို့ ပေးပို့ခဲ့တဲ့ သဝဏ်လွှာထဲမှာ ထည့်သွင်းပြောဆိုထားခဲ့တာပါ။

ဒါ့အပြင် ညီနောင်မဟာမိတ် ၃ ဖွဲ့ အနေ နဲ့ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျရောက်တဲ့ (၆၅) နှစ်မြောက် ကချင်တော်လှန်ရေးနေ့ကို ကချင်လူမျိုး၊ ကချင်အဖွဲ့အစည်းတွေ နဲ့ထပ်တူ ကြိုဆိုဂုဏ်ပြုတယ်လို့လည်း ဆိုထားပါတယ်။

အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းဆုံးဖြတ်ပိုင်ခွင့်ရရှိရေးနဲ့အမျိုးသားရေးဆိုင်ရာနစ်နာချက်တွေကို ပြန်လည်ရယူနိုင်ဖို့အတွက် မိမိတို့ လူမျိုးအသီးသီးဟာ လက်နက်ကိုင်တော်လှန်သောနည်းလမ်း နဲ့ တိုက်ပွဲ ဝင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

လက်ရှိမှာလည်း ညီနောင်မဟာမိတ် ၃ ဖွဲ့ အပါအဝင် ဘဝတူတော်လှန်ရေးအဖွဲ့အစည်းတွေထဲက ကချင်တော်လှန်ရေးအဖွဲ့အစည်းဟာ လည်းတော်လှန် ရေးကို ဆက်လက်ဆင်နွှဲနေသောကာလဖြစ်ပြီး ကချင့်တော်လှန်ရေး အမြန်ဆုံးအောင်မြင်နိုင်ပါစေကြောင်းကိုလည်း ဆုမွန်းတောင်းထားပါသေးတယ်။

ဒါ့အပြင် ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) က မျှော်မှန်းထားတဲ့ ရည်မှန်းချက်များ နဲ့ ကချင်ပြည်သူလူထုတစ်ရပ်လုံး မျှော်လင့်တောင့်တနေတဲ့ မျှော်လင့်ချက် တွေဟာလည်း အမြန်ဆုံးပြည့်ဝ ပါစေလို့လည်း ပြောဆိုထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here