Home သတင်း စစ်ရေး စစ်ကော်မရှင်က လက်နက်ကြီး လေကြောင်း ဆက်တိုက်ပစ်ခတ်မှုကြောင့် ဂွမြို့ပေါ်ရပ်ကွက်က နေအိမ်တွေများစွာပျက်စီး

စစ်ကော်မရှင်က လက်နက်ကြီး လေကြောင်း ဆက်တိုက်ပစ်ခတ်မှုကြောင့် ဂွမြို့ပေါ်ရပ်ကွက်က နေအိမ်တွေများစွာပျက်စီး

23
0

Coastal News Agency

စစ်ကော်မရှင်က ဂွမြို့အတွင်းကို လက်နက်ကြီး လေကြောင်း တိုက်ခိုက်မှု တွေ ဆက်တိုက်လုပ်ဆောင်နေတဲ့ အတွက် မြို့ပေါ်က အရပ်သားပြည်သူ

နေအိမ်တွေ နဲ့ အစိုးရ အဆောက်အဦးတွေ များစွာပျက်စီးသွားခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ ဂွမြို့ကို တိုက်ပွဲတစ်စုံတရာ မရှိဘဲ ရက်ဆက် လေကြောင်း၊လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့ အတွက် မြို့တွင်းနေအိမ်အများစု လက်နက် ကြီး ထိမှန်ကာပျက်စီးနေရတာဖြစ်တယ်လို့ ဂွမြို့ သတင်းအရင်းမြစ်ကပြောပါတယ်။

“ရွှေသောင်ယံ ကနေ ဂွမြို့ ကမ်းခြေတစ်လျှောက် ပင်လယ်ပြင်မှာက စစ် သင်္ဘော ၁၀စီး ထက်မနည်း မမြဲရှိတယ်။ အဲဒီကနေ လက်နက်ကြီး နဲ့ မြို့ပေါ်ကို အမြဲတမ်းပစ်ခတ်တာလုပ်တယ်။တခါတခါ လေကြောင်းကလည်း ဗုံးလာကြဲတယ် မြို့တစ်ခုလုံးမှာလည်း ဘာမှမရှိတော့ဘူး အကုန်ပျက် အဲဒီလိုတွေလုပ်နေတာကြောင့်”လို့ သူကပြောပါတယ်။

စစ်ကော်မရှင်ဟာ ဂွမြို့နယ်တခုလုံးကို အာရက္ခတပ်တော်ဆီမှာ လက်လွှတ်ထားရတာဟာ တနှစ်ကျော်ရှိပြီဖြစ်ပါတယ် အဲဒီနောက်မှာတော့ စစ်ကော် မရှင်ဟာ ဧရာဝတီဘက်က ရွှေသောင်ယံကနေ ကုန်းကြောင်း ရေကြောင်း နဲ့ပြန်လည်ထိုးစစ်ဆင်ဖို့ကြိုးစားနေဖြစ်တယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေ ပြောဆိုချက်အရ သိရပါတယ်။

ဒါပေမယ့် ဂွမြို့ နဲ့ ဧရာဝတီတိုင်းအစပ်က နေရာတချို့ထိ ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်ကို ထိုးစစ်ဆင်တိုက်ခိုက် မှုတွေမှာ စစ်ရေးအရှုံး နဲ့ ရင်ဆိုင်နေရတဲ့ အတွက် ထိုးဖောက်ဝင်ရောက်နိုင်ခြင်း မရှိသေးတာလည်း ဖြစ်ပါတယ်လို့ စစ်ရေးသတင်းအရင်းမြစ်က ဆိုပါတယ်။

“ဧရာ၀တီထဲက အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ သာပေါင်း၊ လေးမျက် နှာ၊ ရေကြည်မြို့နယ်တွေကို စစ်တပ်က ထိုးစစ်ဆင်တာတွေလရှိနေတယ် ဒါပေမယ့် ထိုးဖောက်ဝင်ရောက်နိုင်တာတော့မရှိဘူး အကျအရှုံးတွေ နဲ့ ပြန်ပြန် ဆုတ်ခွါသွားရတာများတယ်”လို့ သူကပြောပြပါတယ်။

ရခိုင်တကျော့ပြန်တိုက်ပွဲ စတင်ပြီးနောက်ပိုင်းမှာ အာရက္ခတပ်တော်ဟာ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသကို စစ်ကော်မရှင်လက်ထဲကနေ အပြီး သတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်ပါတယ်။

ထဖက်မှာလည်း အာရက္ခတပ်တော်ဟာ ရခိုင်ရိုးမအရှေ့ဘက်ခြမ်းက ဧရာ၀ တီ၊ ပဲခူး၊ မကွေးတိုင်းအတွင်းက စစ်ကော်မရှင်ရဲ့ တပ်စခန်းများစွာကိုဒေသခံမဟာမိတ်တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီးတော့ ထိုးစစ်ဆင်တိုက်ခိုက်တာတွေကိုလည်း ဆက်တိုက်လုပ်ဆောင်နေတာလည်း ရှိနေပါတယ်။

သတင်း – မြတ်သူ

LEAVE A REPLY

Please enter your comment!
Please enter your name here