ပြည်သူ့လုံခြုံရေး နဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေး၊တရားဥပဒေစိုးမိုးရေး စတာတွေကို ထိရောက်စွာကိုင် တွယ်ဖြေရှင်းနိုင်ဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရမှာ DLEPS ဒီလပ်စ်တပ်ဖွဲ့ဝင်အင်အားဟာလို အပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ရခိုင်ဒေသတစ်ခုလုံးမှာ ပြည်သူ့လုံခြုံရေး နဲ့ ရပ်ရွာတည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေး DLEPS ဒီလပ်စ်တပ်ဖွဲ့ဝင်အင်အားဟာ အနည်းဆုံး ၅၀၀၀ ကျော်လောက်ရှိနေဖို့လိုအပ်နေတာဖြစ်ပြီးတော့ လက်ရှိမှာတော့ အဲဒီလိုအပ်နေတဲ့ အင်အားရဲ့ တဝက်လောက်သာ ရှိနေသေးတာလည်းဖြစ်တယ်လို့ DLEPS ဒီလပ်စ်တပ်ဖွဲ့ နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အဲဒီလို အင်အားနည်းပါးနေသေးတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့ DLEPS ဒီလပ်စ်တပ်ဖွဲ့ မရှိတဲ့ နေရာတချို့က ပြသာတွေကို ဖြေရှင်းတဲ့ နေရာတွေ အခက်အခဲတွေ ဖြစ်နေတာတွေ ရှိနေတယ်လို့ အဲဒီ DLEPS ဒီလပ်စ်တပ်ဖွဲ့ နဲ့ နီးစပ်သူတစ်ဦးက အခုလိုပြောပြပါတယ်။
“အခုကတော့DLEPS ဒီလပ်စ်တပ်ဖွဲ့ဝင် ၂၈၀၀ လောက်တော့ ရှိတယ် တချို့နေရာတွေမှာဆို DLEPS ဒီလပ်စ်တပ်ဖွဲ့ဝင်တွေ စခန်းတွေ လုံးလုံးမရှိသေးတဲ့ နေရာတွေလည်းရှိနေသေးတယ်။အဲဒီလို နေရာတွေမှာ ပြသနာတစ်ခုခု မူးယစ်ရမ်းကားမှုတွေကို မဖြေရှင်းနိုင်သေးတာတွေမျိုးတွေရှိနေတယ်“လို့သူကဆိုပါတယ်။
တဖက်မှာလည်း အခုလိုပြသနာတွေကို မဖြေရှင်းနိုင်ဖြစ်နေသေးတာဟာ စစ်ကော်မရှင်ရဲ့ လေကြောင်းရန်ကြောင့် ဖုန်းလိုင်း၊အင်တာနက်လိုင်း စတာတွေကို ပြည်သူတွေကို ပွင့်ပွင့်လင်းလင်း သုံးခွင့်မရသေး တာကြောင့်ဖြစ်တယ်လို့လည်း ဆိုပါတယ်။
“အဓိကတော့ ဒေသတွင်းကလူငယ်တွေ စားဝတ်နေရေးအခက်အခဲ အမျိုးမျိုးကြောင့် ပြည်ပနိုင်ငံတွေကို ထွက်ခွါပြီးတော့ သွားနေတာကြောင့် ဒီအင်အားကလည်း လိုနေတာဖြစ်တယ် တဖက်ကလည်း စစ်ရေးကရှိနေသေးတာကြောင့်လည်း ဒီအင်အားက မပြည်နိုင်သေးတာဖြစ်တယ်”လို့ သူက ဆက်လက်ပြောဆိုပါတယ်။
အာရက္ခတပ်တော် ဟာ ရခိုင်တကျော့ပြန်တိုက်ပွဲပြန်လည်စတင်ဖြစ်ပွါးပြီးတဲ့ နောက်ပိုင်းမှာ ရခိုင်က မြို့နယ် ၁၄ ခု နဲ့ ပလက်ဝဒေသတွေကို စစ်ကော်မရှင်လက်ထဲကနေ အပြီးသတ်သိမ်းပိုက်ထားနိုင်ခဲ့ပြီးဖြစ်သလို အုပ်ချုပ်ရေး၊တရားဥပဒေစိုးမိုးရေး နဲ့ ပြန်လည်ထူထောင်ရေး စတဲ့ လုပ်ငန်းတွေကို ဆက် တိုက်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။




