Home သတင်း စစ်ရေး ဂွ – ငသိုင်းချောင်းကားလမ်းမှာရှိတဲ့ အမတ-၃၄၄ အမြောက်တပ်ရင်းအနီးကို အေအေ နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေ

ဂွ – ငသိုင်းချောင်းကားလမ်းမှာရှိတဲ့ အမတ-၃၄၄ အမြောက်တပ်ရင်းအနီးကို အေအေ နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်နေ

8
0

Coastal News Agency

ဧရာဝတီတိုင်း၊ ဂွ – ငသိုင်းချောင်း ကားလမ်းမ မြောက်စမ်းကျေးရွာမှာ တည် ရှိနေတဲ့အမြောက်တပ် အမတ -၃၄၄ တပ်ရင်းအနီးဝန်းကျင်ကို အာရက္ခတပ်တော် အေအေ နဲ့ ပူးပေါင်းတပ်တွေဟာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လာပ်နေတယ်လို့ စစ်ရေးသတင်းအရင်းမြစ်တွေကပြောပါတယ်။

ဒီ အမတ – ၃၄၄ အမြောက်တပ်ရင်းအနီးကို အာရက္ခတပ်တော် အေအေ နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကကပင် ထိုးစစ်ဆင် တိုက်ခိုက်လာနေတာလည်းဖြစ်ပါတယ်။

ဒီလို အာရက္ခတပ်တော် အေအေ နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက် လာနေတဲ့ အတွက် အဲဒီတပ်ရင်းအနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီးတော့ စစ်ကော်မရှင်က လေကြောင်း ဒရုန်းအပြင် ပါရာမော်တာတွေ နဲ့ ပါ ခုခံတိုက်ခိုက်တာတွေ လုပ်နေတယ်လို့ စစ်ရေးသတင်းအရင်းမြစ် တစ်ဦးက အခုလိုပြောပါတယ်။

“တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေပါတယ် စစ်ကောင်စီက နေ့ရောညပါ လေကြောင်းဗုံးကြဲတာ နဲ့ ဒရုန်း ပါရာမော်တာတွေ နဲ့ ဗုံးကြဲပြီး ခုခံတိုက်ခိုက်နေတယ်။စစ်အင်အားတွေလည်း ဆက်တိုက်ပို့နေတာတွေ ရှိနေတယ်”လို့ သူကပြောပါတယ်။

စစ်ကော်မရှင်ဟာ အမတ – ၃၄၄ အမြောက်တပ်ရင်းအနီးကို အာရက္ခတပ်တော် အေအေ နဲ့ ပူးပေါင်းတပ်တွေ မရောက်ရှိနိုင်ရေးအတွက် ကျုံပျော်မြို့အခြေစိုက် ခလရ ၃၆ တပ်ရင်းမှာရှိတဲ့ ရာနဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ဆက်တိုက်ပို့ဆောင်ပေးတာတွေ လုပ်ဆောင်ပေးနေတယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း ရှေ့တန်းစစ်မြေပြင်ကို ပို့ဆောင်ခံထားရတဲ့ စစ်ကော်မရှင်ရဲ့ စစ်မှုထမ်းတပ်သား (ပစ)တွေဟာ စစ်ရေးအတွေ့အကြုံ မရှိတဲ့ အတွက် ထွက်ပြေးတာတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ဆိုပါတယ်။

“ကျနော်သိထားရသလောက်တော့ စစ်ကော်မရှင်က ထိခိုက်မှုများနေတယ် (ပစ)တွေကလည်း ထွက်ပြေးနေတာတွေဆက်တိုက်ရှိနေတယ် ။ဒဏ်ရာရ တပ်ဖွဲ့ဝင်တွေကိုတော့ ကျုံပျော်မြို့ကို ပြန်ပို့တာတွေရှိနေတယ်လို့ သိထားရတယ်”လို့ သူကပြောပါတယ်။

နောက်တဖက်ကလည်း အာရက္ခတပ်တော် အေအေ နဲ့ ပူးပေါင်းတပ်တွေဟာ ဒီ အမတ – ၃၄၄ အမြောက်တပ်ရင်းကို သိမ်းပိုက်နိုင်ဖို့အတွက် ပုသိမ် – မုံရွာလမ်းပိုင်းက လည်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အတွက် စက်စက်ယို အနီးဝန်ကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေလည်း ရှိနေတယ်လိုလ သိရပါတယ်။

အာရက္ခတပ်တော်ဟာ ဂွမြို့ တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ်အတွင်းမှ ဧရာဝတီတိုင်းထဲကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်လာခဲ့ပြီးတော့ စစ်ကော်မရှင်တပ်စခန်းများစွာကို သိမ်းပိုက်ထားနိုင်ပြီလည်းဖြစ်ပါတယ်။

သတင်း – မြတ်သူ

LEAVE A REPLY

Please enter your comment!
Please enter your name here