ညီနောင်မဟာမိတ် တပ်တွေဖြစ်တဲ့ PSLF/TNLA နဲ MNTJP/MNDAA တပ်ဖွဲ့တွေ အနေ နဲ့ လူထုအပေါ်ဦးတည်တိုက်ခိုက်မှုတွေ မပြု လုပ်ဖို့ကို တောင်းဆိုတယ်လို့ တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန်ရက် -TCSN က သတင်းထုတ်ပြန်တောင်းဆိုထားပါတယ်။
၁ဝ၂၇စစ်ဆင်ရေးနောက်ပိုင်း PSLF/TNLA ထိန်းချုပ်ထားတဲ့ ရှမ်းမြောက်က ကွတ်ခိုင်မြို့အတွင်းမှာ PSLF/TNLA နဲ့ MNTJP/MNDAA တို့အကြား ၂ဝ၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှ စပြီး မြေပြင် တင်းမာမှုဖြစ်ပွားခဲ့တာဟာ တစ်ပတ်ကျော် ကြာခဲ့မြင့်လာခဲ့ပြီလည်းဖြစ်ပါတယ်။
အဲဒီလို တပ်ဖွဲ့နှစ်ဖွဲ့အကြား တင်းမာမှုဖြစ်နေတဲ့တစ်ပတ်အတွင်းမှာလည်း နှစ်ဖက်တပ်ဖွဲ့အကြား အပြန်အလှန်ရိုက်နှက်မှုတွေကြောင့် နှစ်ဖက် တပ်ဖွဲ့ဝင်တွေထိခိုက်ဒဏ်ရာရတာ၊ တပ်ဖွဲ့ဝင်ချင်း ဖမ်းဆီးထိန်းသိမ်းတာစတဲ့ ရန်လိုတဲ့ အပြုအမှုတွေ နဲ့ လုပ်ဆောင်နေတဲ့ အပေါ်မှာလည်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန်ရက် -TCSN အနေ နဲ့ အထူးစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုထားပါတယ်။
အခုလို တပ်ဖွဲ့ နှစ်ဖွဲ့အကြားတင်မာမှုရဲ့ နောက်ဆက်တွဲ အနေ နဲ့ မြေပြင်မှာ ရှိနေတဲ့ ပြည်သူလူထုကို ပစ်မှတ်ထား ရိုက်နှက်တာ၊ ဖမ်းဆီးတာ၊ ဖြတ်သန်းသွားလာခွင့် ကန့်သတ်တာ၊ ကုန်စည်စီးဆင်းမှု ပိတ်ဆို့တားဆီးတာ စတဲ့ လူ ထု ပစ်မှတ်ထား လက် စားချေမှု၊ ရန်လိုမှုတွေကိုပြည်သူတွေ အနေ နဲ့ ကြားညှပ်ကာ ဓားစာခံအဖြစ် ခါးစည်းခံရနေကြရတယ်လို့လည်း ဆိုပါတယ်။
တဖက်မှာလည်း အွန်လိုင်းစာမျက်နှာတွေပေါ်မှာ အမုန်းစကားဖြန့်ဝေတာ၊ မဟုတ်မမှန် ဓာတ်ပုံ/ဗီဒီယို တွေကို အသုံးချကာ သွေးခွဲတာစတဲ့လူမျိုးရေးပဋိပက္ခ အသွင်ဆောင်တဲ့ ပြဿနာဖန်တီးနေတဲ့ အပြုအမူတွေ နဲ့ လူထု အ ပေါ်အကြမ်းဖက်မှုတွေ လုပ်နေတာကိုလည်း တွေ့နေရတယ်လို့ တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန်ရက် -TCSN က ဆိုပါတယ်။
ဒါကြောင့် လက်ရှိဖြစ်ပွားနေတဲ့ ပြသနာကို ပြည်သူလူထုကို ကာကွယ်ဖို့လက်နက်ကိုင်လမ်းစဉ်နဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့ကြတဲ့ မဟာမိတ်တပ်ဖွဲ့အချင်း ချင်း ဖြစ်ပွားနေတဲ့ ပြဿနာများကို ပြည်သူလူထုအပေါ်ပုံချပြီးတော့ လုထုကို အကြမ်းဖက်တာတွေ မလုပ်ဖို့ တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန် ရက် -TCSN က တောင်းဆိုတယ်လို့ ဆိုပါတယ်။
တဖက်မှာလည်း လက်ရှိတပ်ဖွဲ့ နှစ်ဖွဲ့အကြား ဖြစ်ပွားနေတဲ့ အငြင်းပွား မှုကိုလည်း ဆွေးနွေးညှိနှိုင်းမှု လမ်းစဉ်နဲ့ မဟာမိတ်ချင်း အမြန်ဆုံးပြေလည်မှုရရှိနိုင်ရေး ဖြေရှင်းကြဖို့ကိုလည်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန် ရက်-TCSN က အလေးအနက်ထား တိုက်တွန်းထားပါတယ်။
စစ်အာဏာရှင်စနစ်ပြုတ်ကျရေး၊ တိုင်းရင်းသားလူမျိုးများ အဖိနှိပ်ခံ ဘဝမှ လွတ်မြောက်ရေး နဲ့ သက်ဆိုင်ရာနယ်မြေအသီးသီးရှိ ပြည်သူလူထုကို ကာ ကွယ်ရေး စသည့် ရည်မှန်းချက် အသီးသီးနဲ့ တော်လှန်တိုက်ပွဲဝင်ခဲ့ကြတာကိုမြင်တွေ့ခဲ့ရတာကိုလည်း တအာင်းအရပ်ဖက် အဖွဲ့အစည်းများ ကွန် ရက်-TCSN အနေ နဲ့ ဝမ်းသာဂုဏ်ယူ ဝမ်းမြောက် မိတယ်လို့လည်း ဆိုထားပါတယ်။




