Home သတင်း ယိုးငူကျေးရွာစျေး ဗုံးကြဲခံရမှု သေဆုံးသူ ၁၇ ဦး ထဲ့မှာ အမျိုးသမီး ၁၃ ဦး ပါဝင်

ယိုးငူကျေးရွာစျေး ဗုံးကြဲခံရမှု သေဆုံးသူ ၁၇ ဦး ထဲ့မှာ အမျိုးသမီး ၁၃ ဦး ပါဝင်

22
0

Coastal News Agency

ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာစျေး ဗုံးကြဲတိုက်ခိုက်ခံရမှု ဖြစ်စဥ်ထဲက သေဆုံးသူ ၁၇ ဦးထဲမှာ အမျိုးသမီး ၁၃ ဦးပါဝင်နေတာကို အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်စာရင်းအရ သိရပါတယ်။

စစ်ကော်မရှင်ဟာ မနေ့က ဖေဖော်ဝါရီလ ၂၄ ရက်၊ နေ့လယ် (၂) နာရီ (၇) မိနစ် အချိန်လောက်မှာ လူတွေအစုလိုက်အပြုံလိုက်နေထိုင်နေတဲ့ ယိုးငူကျေး ရွာအတွင်းက ဈေးဆိုင်တန်းကို ဂျက်ဖိုက်တာ (Jet Fighter) အသုံးပြုပြီး တော့ တမင်သက်သက် ပစ်မှတ်ထား လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။

ဒီလိုလူမဆန်တဲ့ အရပ်သားပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာဟာနိုင်ငံ တကာစစ်ရာဇဝတ်မှု (War Crimes) နဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against Humanity) ကို ပြောင်ပြောင် တင်းတင်း ကျူးလွန်တာဖြစ်သလို ဂျီနီဗာကွန်ဗင်းရှင်း (Geneva Con ventions) ပါ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်ရမယ့် အခြေခံမူများကိုပါ ဗြောင်ကျကျ ချိုးဖောက်တာဖြစ်တယ်လို့ လူသားချင်းစာနာထောက်ထားရီးနှင့် ဖွံ့ဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး (HDCO)က ဆိုထားပါတယ်။

အဲဒါကြောင့် မြန်မာစစ်ကော်မရှင်အနေ နဲ့ အခုလို အပြစ်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်တဲ့ အကြမ်းဖက်လုပ်ရပ်တွေ နဲ့ လုပ်ဆောင် နေတဲ့ အပေါ်ကိုလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချတယ်လို့ဆိုပါတယ်။

နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း စစ်ကော်မရှင်ရဲ့ အခုလိုလုပ်နေတဲ့ လုပ်ရပ်ကိုဟန့်တားနိုင်ဖို့ ထိရောက်စွာ အရေးယူဆောင်ရွက်ပေးဖို့ ကိုလည်းအလေးအနက်ထား တောင်းဆိုတယ်လို့ HDCO က ထုတ်ပြန်ထားပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here