Home သတင်း စစ်ရေး အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမတ ၃၄၄ အနီးတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ထိခိုက်မှုများနေ

အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အမတ ၃၄၄ အနီးတိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ထိခိုက်မှုများနေ

22
0
ဓာတ်ပုံ - ပုံဟောင်းသာဖြစ်သည်။

Coastal News Agency

အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ ဧရာဝ တီတိုင်း၊ ရေကြည်မြို့နယ်၊ ဂွ – ငသိုင်းချောင်းလမ်းအနီးက မြောက်စမ်းရွာမှာ ရှိတဲ့ အမြောက်တပ် အမတ ၃၄၄ အနီး ဝန်းကျင်တိုက် ပွဲ အတွင်းမှာ စစ်ကော် မရှင်တပ်တွေဘက်က အကျအရှုံးတွေ နဲ့ ရင်ဆိုင်နေရတယ်လို့ အာရက္ခတပ်တော် ရဲ့ စစ်ရေးသတင်းအရင်းမြစ်တွေက ပြောပါတယ်။

အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ဒီ အမတ ၃၄၄ အမြောက်တပ်ရင်း အနီးဝန်းကျင်ကို ပြီးခဲ့တဲ့ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကပင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီးတော့ စစ်ကော်မရှင်ကလည်း ဒီတပ်ရင်းထဲကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေထိုးဖောက်ဝင်ရောက်မှု မရှိနိုင်အောင် စစ်အင်အားတွေ အလုံးအရင်း ဖြည့်တင်းကာ ခုခံတိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။

အဲဒီလို အင်အားအလုံးအရင်းတွေ နဲ့ ခုခံတိုက်ခိုက်နေတာ နဲ့အတူ တိုက်ပွဲ အတွင်းမှာ စစ်ကော်မရှင်တပ်တွေဘက်က အကျအရှုံးများစွာ နဲ့ ရင်ဆိုင်နေရတယ်လို့ အဲဒီစစ်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။

စစ်အင်အားတွေကတော့ ကျုံပျော် ခလရ ၃၆ က ပို့နေတာတွေဆက်တိုက်လုပ်နေတယ်။တိုက်ပွဲက သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း စစ်ကောင်စီက သယ်ထုတ်ပြီးတော့ မြေမြုပ်တာတွေလည်းရှိတယ်။တိုက်ပွဲ ကတော့ လက်ရှိအချိန်ထိ နှစ်ဖက်ပြင်းထန်နေဆဲဖြစ်တယ်။ပူးပေါင်းတပ်တွေဘက်ကတော့ သုံ့ပန်းတွေ နဲ့ လက်နက်တွေ သိမ်းဆည်းရမိထားတာတွေလည်းရှိတယ်”လို့ သူကပြောပါတယ်။

အာရက္ခတပ်တော် နဲ့ ပူးပေါင်းတပ်တွေဟာ ဒီအမတ – ၃၄၄ အမြောက်တပ်ရင်းကို သိမ်းပိုက်ရရှိနိုင်ရေး အတွက် ပုသိမ် – မုံရွာလမ်းပိုင်းက လည်း ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ အတွက် စက်စက်ယို အနီးဝန်ကျင်မှာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတာတွေလည်း ရှိနေတယ်လို သိရပါတယ်။

အာရက္ခတပ်တော်ဟာ ဂွမြို့ တစ်ခုလုံးကို သိမ်းပိုက်ပြီးနောက်ပိုင်း ၂၀၂၅ ခုနှစ်အတွင်းမှ ဧရာဝတီတိုင်းထဲကို ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်တာတွေကို လုပ်ဆောင်လာခဲ့ပြီးတော့ စစ်ကော်မရှင်တပ်စခန်းများစွာကို သိမ်းပိုက်ထားနိုင်ပြီလည်းဖြစ်ပါတယ်။

သတင်း – မြတ်သူ

LEAVE A REPLY

Please enter your comment!
Please enter your name here