Home သတင်း စစ်ရေး စစ်တွေက စစ်ကော်မရှင်တပ်စခန်းတွေ အာရက္ခတပ်တော်ဆီမှာ အလစ်အငိုက်တိုက်ခိုက်ခံနေရ

စစ်တွေက စစ်ကော်မရှင်တပ်စခန်းတွေ အာရက္ခတပ်တော်ဆီမှာ အလစ်အငိုက်တိုက်ခိုက်ခံနေရ

13
0
ပုံ - ပုံဟောင်း။

Coastal News Agency

ရခိုင်ပြည် ရဲ့မြို့တော်ဖြစ်တဲ့ စစ်တွေမြို့မှာ ရှိနေတဲ့ စစ်ကော်မရှင်ရဲ့တပ်စ ခန်း တွေကိုအာရက္ခတပ်တော်က အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ခံနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ စစ်တွေမြို့မှာ ရှိနေတဲ့ စစ်ကော်မရှင်တပ်တွေဟာ အာရက္ခတပ်တော်ရဲ့ တပ်ဖွဲ့ဝင်တွေရှိတဲ့ နေရာလို့ယူဆရတဲ့ နေရာတချို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ ဒရုန်းတွေ နဲ့ ဗုံးကြဲတိုက်ခိုက်တာ ကျေးရွာအတွင်းနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာ စတာတွေကို လုပ်ဆောင်ပြီးတဲ့ နောက်မှာ အာရက္ခတပ်တော်က အခုလို တိုက်ခိုက်လာတာလို့ ဆိုပါတယ်။

“ပြီးခဲ့တဲ့ရက်က သင်ပုန်းတန်းကိုလည်း မီးရှို့ဖျက်ဆီးတာရှိတယ် ပြီးတော့ မောင်နီီပြင်၊အောင်တိုင်၊ပလ္လင်ပြင် ဘက်ကပြည်သူတွေကို စစ်တပ်က နှင်ထုတိပြီး ကျေးရွာထဲမှာ စစ်စခန်းလုပ်တာရှိတယ် အဲဒီနောက်ပိုင်းမှာ အေအေ က အခုလိုတိုက်ခိုက်လာတာ ဖြစ်တယ်”လို့သူကပြောပါတယ်။

ဒီလိုတိုက်ခိုက်မှုကို အာရက္ခတပ်တော်က ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မှာ စတင်ပြီးတော့ တိုက်ခိုက်လာတာဖြစ်ပြီးတော့ ပွိုင့်အနီးဝန်းကျင်နေရာတွေကိုလည်း အာရက္ခတပ်တော်က လက်နက်ကြီးတွေ နဲ့ ပစ်ခတ်တိုက်ခိုက် တဲ့ အထိ လုပ်ဆောင်လာတာရှိတယ်လို့လည်း ဆိုပါတယ်။

တဖက်မှာလည်း စစ်တွေ-ရန်ကုန်လမ်းမကြီးပေါ်မှာ ရှိတဲ့ အမြင့်ကျွန်းဘက်မှာရှိတဲ့ စစ်ကော်မရှင်ရဲ့ တပ်စခန်းဝန်းကျင်ကိုလည်း ဒီရက်ပိုင်း အာရက္ခတပ် တော်က တိုက်ခိုက်တာတွေ လုပ်ဆောင်နေတာရှိတယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေကပြောပါတယ်။

စစ်ကော်မရှင်ဟာ စစ်တွေမြို့ကို မကျရှုံးစေရေးအတွက် ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကပင် စစ်အင်အားတိုချတာ ခံစစ်အတွက် ဘန်ကာတွေတည်ဆောက်တာ ခြံ စည်းရိုးတွေ ကာထားတာ နဲ့ မိုင်းထောင်ထားတာ စတာတွေကို အထပ်ထပ်လုပ်ဆောင်ထားပါတယ်။

ဒါ့အပြင် စစ်တွေမြို့ အနီးမှာ စစ်သင်္ဘော ၁၀ စီးထက်မနည်းကိုလည်း စစ်ကော်မရှင်က အင်အားဖြည့်တင်းထားတာလည်းရှိတယ်လို့ စစ်ရေး သတင်းအရင်းမြစ် တွေက ဆိုပါတယ်။

စစ်တွေမြို့နယ် အတွင်းမှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အပါအဝင်၊ခလရ (၂၀) ၊ ခလရ (၂၇၀)၊ ခလရ (၂၃၂) ခမရ (၃၄၄)၊ ခမရ (၃၅၄)၊ အမှတ်(၁၂) နှင့် အမှတ်(၃၆) ရဲတပ်ရင်းစသည့် တပ်ရင်းတပ်ဖွဲ့ ၁၀ ခုထက်မနည်းရှိတာလည်း ဖြစ်ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here