အာရက္ခတပ်တော် – အေအေ ရဲ့ ဒုတိယ စစ်ဦးစီးချုပ်ဖြစ်တဲ့ ဒေါက်တာညိုထွန်းအောင် မွေးနေ့ အထိမ်းအမှတ်အနေ နဲ့ ပလက်ဝတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားခဲ့တဲ့ စစ်သုံ့ပန်း နဲ့ အကျည်းသား စုစုပေါင်း ၃၀ ဦးကို လွတ်ငြိမ်းချမ်းသာ နဲ့ ဒီနေ့ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မတ်လ ၄ ရက်နေ့ဟာ အာရက္ခတပ်တော် – အေအေ ရဲ့ ဒုတိယစစ်ဦးချုပ် ဒေါက်တာညိုထွန်းအောင်ရဲ့ အသက် ၄၅ နှစ်ပြည့် မွေးနေ့လည်းဖြစ်ပြီးတော့ ဒီစစ်သုံ့ပန်း ၃၀ ဦးကို ဒီနေ့မနက်မှာ ဘဲ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
ပြန်လွှတ်ပေးတဲ့ စစ်သုံ့ပန်း အထဲမှာတော့ စစ်သား ၁၆ ဦး၊ ရဲ ၁ ဦး နဲ့ အတူ မိသားစုဝင် ၅ ဦး၊ အရပ်ဘက်အကျဉ်းသား ၈ ဦး၊ စုစုပေါင်း အကျဉ်းသား ၃၀ ဦးကို ပြန်လွှတ်ပေးခဲ့တာလို့ဆိုပါတယ်။
အာရက္ခတပ်တော်ဟာ ပလက်ဝဒေသတိုက်ပွဲအတွင်းက ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေကို ပြန်လွှတ်ပေးခဲ့တာဟာလည်း ၁၀ ကြိမ်းအထိရှိလာနေပြီးဖြစ်တယ်လို့လည်း သိရပါတယ်။
ဒါ့အပြင် ရခိုင်မြို့သိမ်းတိုက်ပွဲ အတွင်းက ဖမ်းဆီးရမိခဲ့တဲ့ စစ်သုံ့ပန်းထောင်ချီကိုလည်း အာရက္ခတပ်တော်က လူသားချင်းစာနာထောက်ထားတဲ့ အနေ နဲ့ ပြန်လွှတ်ပေးခဲ့တာလည်း ဆက်တိုက်ရှိနေခဲ့ပါသေးတယ်။




