ရခိုင်ဒေသမှာ ရှိတဲ့ မြို့နယ် ၁၇ မြို့နယ်ထဲက မြို့နယ် ၁၄ ခုအပါအဝင် နိုင်ငံတဝန်းလုံးက တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့တွေကို ဒီနေ့မှာ စစ်ကောင်စီက အရေးပေါ်အခြေအနေ အဖြစ် ကြေညာထားခဲ့ပါတယ်။
အဲဒီကြေညာချက်အပြီးမှာ အရေးပေါ်အခြေအနေ အဖြစ်ကြေညာထားတဲ့ ရခိုင်ဒေသက အာရက္ခတပ်တော် ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြို့ ၁၄ ခု နဲ့
ကချင်၊ ချင်း၊ ကရင်၊ ရှမ်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး စတဲ့ မြို့နယ်တွေက တော်လှန်ရေးလက်နက်ကိုင်တွေ သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့ပေါင်း ၆၃ မြို့နယ်ကို မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က စစ်အုပ်ချုပ်ရေး ကျင့်သုံးမယ်လို့ ထပ်မံ ထုတ်ပြန်လာတာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီအနေ နဲ့ ဒီအရေးပေါ်ကြေညာထားတဲ့မြို့တွေကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ က လက်နက်ကိုင်သောင်းကျန်းမှုတွေကို ချုပ်ငြိမ်းဖို့နဲ့ နယ်မြေတည်ငြိမ်းရေး၊ တရားဥပဒေစိုးမိုးရေးအတွက် ဖွဲ့စည်းပုံအခြေဥပဒေကို (၂၀၀၈)ပုဒ်မ ၄၂ က အရ အရေးအပေါ်အခြေအဖြစ် ကြေ ညာခဲ့တာလို့ဆိုထားပါတယ်။
ဒါ့အပြင် ဒီဒေသတွေမှာ ရှိတဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နဲ့ စစ်အုပ်ချုပ်ရေးအာဏာကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်နဲ့ တိုင်းမှူးတွေဆီကို အပ်နှင်းတယ်လို့လည်း မင်းအောင်လှိုင်က ဆိုထားပါသေးတယ်။
တဖက်မှာလည်း ဒေသအလိုက် တိုင်းမှူးတွေဟာ အချိန်နဲ့တပြေးညီ ပြောင်းလဲဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ပေါ်မူတည်ပြီးတော့ မိမိကိုယ်တိုင် ဒါမှမဟုတ် စစ်နယ်မြေမှူးတွေကို တာဝန်လွှဲအပ်ပြီးတော့ စစ်အုပ်ချုပ်ရေးအာဏာကို ကျင့်သုံးနိုင်တယ်လို့ ခွင့်ပြုပေးထားပါသေးတယ်။
လက်ရှိ ထုတ်ပြန်ချက်တွေကို ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒီနေ့ ဇူလိုင်လ ၃၁ ရက်နေ့ ကာလုံဆွေးနွေးပွဲအပြီး မင်းအောင်လိူင် ဦးဆောင်တဲ့ စစ်ကောင်စီကိုဖျက်သိမ်းပြီးတော့ မင်းအောင်လိူင် ဦးဆောင်တဲ့ နိုင်ငံတော် လုံခြုံရေး နဲ့ အေးချမ်းသာယာရေးကော်မရှင်ဖွဲ့စည်းပြီးတဲ့ နောက်မှာ ဆက်တိုက်ထုတ်ပြန်လာခဲ့တာလည်း ဖြစ်ပါတယ်။