Home သတင်း မိုင်းအန္တရာယ် ကျိန္တလီမှာ အရပ်သားတစ်ဦး မိုင်းထိမှန်သေဆုံး

ကျိန္တလီမှာ အရပ်သားတစ်ဦး မိုင်းထိမှန်သေဆုံး

89
0
ပုံ၊စာ။မိုင်းနင်းမိပြီးသေဆုံးသွားခဲ့ရတဲ့ ကိုပေါက်ကျိုင်းအားတွေ့ ရစဉ်။ CNA

ကျိန္တလီမြို့နယ် အတွင်းက ဒညှင်းသီးခူးသွားတဲ့ အရပ်သား ပြည်သူ တစ်ဦးဟာ ဒီနေ့ မနက်ပိုင်းမှာ စစ်ကောင်စီ ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ခြေထောက်နှစ်ဖက်လုံး ပြတ်ထွက်ကာ သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံတွေ ဆီက သိရပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ မနက်ပိုင်းက ကျိန္တလီမြို့ အမှတ် (၂) ရပ်ကွက် အတွင်းမှာ နေထိုင်သူ တစ်ဦးဖြစ်တဲ့ အသက် ၂၈ အရွယ် ကိုပေါက်ကျိုင်း ဆိုသူဟာ နေအိမ်အတွင်းကနေ သူရဲ့ပိုင်ဆိုင်တဲ့ ဒညှင်းခြံထဲ မှာ ဒညှင်းသီးခူးဖို့ သွားရာ လမ်းမှာ စစ် ကောင်စီက ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ခြေထောက် နှစ်ဖက်လုံးပြတ်ထွက်ကာ အခုလို အသက်ပါသေဆုံးသွား ခဲ့ရတာ ဖြစ်တယ်လို့ ကျိန္တလီဒေသခံ တစ်ဦးကပြောပါတယ်။

“သူက ဒညှင်းသီးသွားခူးတာ ပြောတယ်။အဲဒီမှာ စစ်ကောင်စီတပ်တွေက ထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ခြေထောက်နှစ် ဖက်လုံး ပြတ်ထွက်သွားပြီး သေဆုံးခဲ့ရတာ။သူ့အမျိုးသမီးမှာလည်း ကိုယ်ဝန်ကြီးနဲ့ ဆိုတော့ သူယောင်္ကျားကလည်း ဆုံးသွားတော့ တော်တော် သနားစရာ ကောင်းတယ်လို့” သူကပြောပါတယ်။

ကျိန္တီမြို့နယ် အတွင်းမှာ စစ်ကောင်စီတပ်တွေ နဲ့ အာရက္ခတပ်တော် အေအေတို့ဟာ တိုက်ပွဲ တစ်စုံတရာ ဖြစ်ပါွးတာ မရှိသေးပေမယ့် စစ်ကောင်စီတပ်တွေဟာ လူသွားလူလာများတဲ့ နေရာတွေ နဲ့ အရပ်သားပြည်သူတွေ သွားလာရာ ဥယျာဉ်ခြံမြေ တွေမှာ မိုင်းအလွန်အကျွံ့ ထောင်တာတွေကို ပြုလုပ်နေတာတွေ ရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီလို မိုင်းအလွန်အကျွံ့ထောင်ထားတာကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့နဲ့ ဇူလိုင်လ ၇ ရက်နေ့တွေ မှာလည်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းကို နင်းမိပြီး ဟင်းစား ရှာဖွယ်ဖို့ သွားတဲ့ အရပ်သားနှစ်ဦးဟာ ကိုယ်လက် အင်္ဂါ ဆက်ရှုံးမှုတွေ ရှိခဲ့ရတယ်လို့ လည်း ဒေသခံတွေကပြောပါတယ်။

“အခုတစ်ဦးသေတယ် အရင် နှစ်ယောက်ကတော့ ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရတယ်။အကုန်လုံးက စားဝတ်နေရေး အတွက် ဟင်းရှာထွက်ရင်း အခုလို ဖြစ်ခဲ့ရတဲ့ သူတွေဖြစ်ကြတယ်။ ပြည်သူတွေကိုလည်း သတိထားသွားလာကြပါလို့ ပြောဖို့ အတွက်က နေ့စဉ်၏စားဝတ်နေရေး အတွက် ရုန်းကန်နေရတော့ ခက်တယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ သူတို့နေထိုင်ရာ စစ်စခန်းအနီးဝန်းကျင်တွေမှာ သာမက အရပ်သားပြည်သူတွေ နေထိုင်ရာ ရပ်ကွက်တွေ လမ်းတွေ နဲ့ ဥယျာဉ်ခြံတွေမှာပါမိုင်းထောင်လာတာကြောင့် ပြည်သူတွေ အနေ နဲ့ စားဝတ်နေရေး အတွက် ရှာဖွယ်စားသောက်ဖို့ များစွာ အခက်အခဲ ရှိလာနေရတဲ့ အနေအခြေမှာ ရှိနေတယ်လို့လည်းပြောဆိုကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here