Home သတင်း မိုင်းအန္တရာယ် ဂွမှာ စစ်ကျန်လက်နက်ဆော့ကစားရာကနေ ပေါက်ကွဲလို့ ၃ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ဂွမှာ စစ်ကျန်လက်နက်ဆော့ကစားရာကနေ ပေါက်ကွဲလို့ ၃ ဦးသေဆုံး ၂ ဦးဒဏ်ရာရ

36
0

CNA ၊ မြတ်သူ။

မနေ့က ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ဂွမြို့နယ်အတွင်းက တိုင်ကျိုးကျေးရွာ မှာ စစ်ကျန်လက်နက်ကို ဆော့ကစားရာကနေ ပေါက်ကွဲပြီးတော့ ကလေးငယ် တစ်ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ရပြီး ၂ ဦးအပြင်းအထန် ဒဏ်ရာရရှိသွားခဲ့ရတယ်လို့ ဒေသခံကူညီရေး အဖွဲ့တွေ ကပြောပါတယ်။

သေဆုံးသူ ၃ ဦးထဲမှာ အသက် ၅ နှစ်အောက် ကလေးငယ်တစ်ဦး နဲ့ အသက်ကြီးပိုင်းအများသမီး တစ်ဦး၊အမျိုးသားတစ်ဦးတို့ဖြစ်ကြပြီး ဒဏ်ရာရသူ ၂ ဦးကတော့ ကလေးငယ်တွေ ဖြစ်ကြတယ်လို့ ဒေသခံ ကူညီရေးအဖွဲ့တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

“ဗုံးသီးကို ထုတဲ့ဟာကနေပြီးတော့ ပေါက်ကွဲသွားတာလို့ သိရတယ် အသက် ၅ နှစ်အောက် ကလေးငယ် တစ်ယောက်ကတော့ နေရာမှာပဲ ဗိုက်ပွင့်ပြီးတော့ တစ်ခါတည်းသေသွားတယ်။လူကြီး ၂ ဦးကတော့ ဆေးရုံကိုအသွားလမ်းမှာဆုံးသွားတယ်။နောက်ကလေးငယ် ၂ ဦးကတော့ ဆေးရုံမှာ ဆေးကုသပေးတာတွေကို လုပ်ပေးနေတယ်”လို့သူကပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း ဂွမြို့နယ်အတွင်းက ကင်းပုံကျေးရွာမှာ စစ်ကျန်လက်နက်ကို ဆော့ကစားရာကနေ ပေါက်ကွဲ မှုဖြစ်ပွါးခဲ့တဲ့ အတွက် ကလေးငယ်တစ်ဦးသေဆုံးတာလည်း ရှိခဲ့ပါသေးတယ်။

ဂွမြို့ကို အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ရရှိထားပြီးဖြစ်ပေမယ့် စစ်ကောင်စီတပ်တွေ နေထိုင်ခဲ့တဲ့ နေရာအနီးတဝိုက်မှာ မိုင်းရှင်းလင်းတာ ဒေသခံပြည်သူတွေကိုမိုင်းအသိပညာပေးတာတွေ ကို အခုထက်ပိုမိုလုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ဂွမြို့ဒေသခံ တစ်ဦးက တောင်းဆိုပါတယ်။

“အခု တပ်တော်ကမိုင်းရှင်းလင်းရေးတွေ မိုင်းအသိပညာပေးတာတွေကိုတော့ လုပ်နေတယ်။ဒါပေမယ့် အားနည်းနေတယ်လို့တော့မြင်တယ်။ပြည်သူတွေက က မိုင်း နဲ့ စစ်ကျန်လက်နက် အန္တရာယ်ကို သေသေချာချာမသိတော့ လှရင်ကောက်လာတယ် ပြီးတော့ ကလေးတွေကို ပေးကစားတယ်။မပေါက်ပဲ နဲ့ ကျန်နေရင်တော့ ဒီဟာက အခွန်ဆိုတာမျိုးကို လူတိုင်းကထင်နေတုန်းရှိသေးတယ်။လူမှုအဖွဲ့အစည်းတွေ နဲ့ တပ်တော်တာဝန်ရှိသူတွေက ဒီကိစ္စကို ပူး ပေါင်းပြီးတော့ ပညာပေးတာတွေ များများ လုပ်ပေးစေချင်တယ်”လို့သူကတောင်းဆိုပါတယ်။

ရခိုင်ဒေသအတွင်းမှာ စစ်ကောင်စီတပ်တွေဟာ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ကိုခုခံကာကွယ်ဖို့ အတွက် မြေမြုပ်မိုင်းတွေကို အလွန်အကျွံအသုံးပြုကာ ဒေသခံပြည်သူတွေသွားလာတဲ့ နေရာတွေမှာ ထောင်တာတွေကို ပြုလုပ်တာတွေ ရှိခဲ့ကြပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here