Home သတင်း မိုင်းအန္တရာယ် ရခိုင်မှာ မြို့တွင်း ဝင်ရောက်နေသူတွေ ဗုံးခိုကျင်းကိုစနစ်တကျ တူးကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တိုက်တွန်း

ရခိုင်မှာ မြို့တွင်း ဝင်ရောက်နေသူတွေ ဗုံးခိုကျင်းကိုစနစ်တကျ တူးကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ တိုက်တွန်း

69
0
ပုံ - APM

CNA ၊ မြတ်သူ။

ရခိုင်က အာရက္ခတပ်တော်က အပြီးသတ်သိမ်းပိုက်ထားပြီးဖြစ်တဲ့ မြို့နယ်တွေမှာ ဒေသအတွင်းပြန်လည်ဝင်ရောက်နေထိုင်ကြတဲ့ ပြည်သူတွေအနေ နဲ့ စစ်ကောင်စီရဲ့ လေကြောင်းရန်ကို ကာကွယ် နိုင်ဖို့ အတွက် ဗုံးခိုကျင်းတွေကို တူးထားကြဖို့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရက တိုက်တွန်းမှု လုပ်ဆောင်နေတာတွေ ဆက်တိုက်ရှိနေတယ်လို့ ဒေသခံပြည်သူတွေက ဆိုကြပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေ နဲ့ မြို့တွင်းကို ပြန်လည်ဝင်ရောက်နေထိုင်သူတွေ အနေ နဲ့ မိမိတို့ နေအိမ်ကို ပြန်လည်ရောက်ရှိလာတာ နဲ့ ဗုံးခိုကျင်းတွေကို အိမ်တိုင်း စနစ်တကျတူးထားဖို့၊စစ်ကျန်လက်နက် နဲ့ မိုင်းတွေရှိနိုင်သေးတာကြောင့် လမ်းဘေးဝဲယာကို မသွားကြဖို့ ၊စစ်ကျန်လက်နက် နဲ့ မိုင်းတွေကို တွေ့ရှိပါက စူးစပ်ကိုင်တွယ်တာမျိုးမလုပ်ဘဲ နီးစပ်တဲ့ နေရာက သက်ဆိုင်ရာတွေကို အကြောင်းကြားဖို့ ၊ အန္တရာယ်ရှိတယ်လို့ တားမြစ်ထားတဲ့ နေရာတွေကို မသွားကြဖို့၊လူစုလူဝေးမလုပ်ဖို့၊လေကြောင်း အန္တရာယ်ကို သတိထားစောင်ကြည့်နေထိုင်ဖို့ နဲ့ ကလေးတွေကို ဘေးအန္တရာယ်ကင်းအောင် အထူးဂရုစိုက်စောင့်ရှောက်ဖို့ဆိုတဲ့ အချက်တွေကို ထုတ်ပြန်ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

လက်ရှိ အာရက္ခတပ်တော် သိမ်းပိုက်ထားတဲ့ မြို့တွေက စစ်ပွဲနဲ့ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေခဲ့ကြရတဲ့ ပြည်သူတွေကို အာရက္ခတပ်တော် နဲ့ အာရက္ခပြည်သူ့တော်လှန် ရေးအစိုးရက ဒေသအတွင်း ပြန်လည်ဝင်ရောက် နေထိုင်နိုင်ပြီးဖြစ်တဲ့ အနေအထားတစ်ခုမှာ ရှိလာနေပြီး ဖြစ်တဲ့ အတွက် ပြန်လည်ဝင်ရောက်နေထိုင်ခွင့် ပြုထားတဲ့ အခြေအနေမှာ ရှိတဲ့ အတွ က် ပြန်လည်ဝင်ရောက်နေထိုင်နေတဲ့ ဒေသခံပြည်သူတွေ အနေ နဲ့လည်း အာရက္ခပြည်သူ့တော်လှန်အစိုးရက ချမှတ်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာဆောင်ရွက်ဖို့ လိုအပ်တယ်လို့လည်း တောင်ကုတ်မြို့ခံ လူငယ် တစ်ဦးက ပြောပါတယ်။

“ဟုတ်ပါတယ် အဲဒီလို ဆိုင်းဘုတ်ကြီးတွေ နဲ့ အသိပေးစာစောင်တွေ ကပ်တာ ပြီးတော့ ဗုံးခိုကျင်းတွေကို ဘယ်လိုတည်ဆောက်ရမယ်ဆိုပြီးတော့ အသိပညာပေးတာတွေ၊ပြီးတော့ တောတောင်တွေကို အရမ်းအရမ်းမသွားဖို့ ဆိုတာတွေကို ပြောနေတာတွေ ရှိပါတယ်။အခုကတော့ တပ်တော်က မိုင်းရှင်းလင်းရေးတွေကိုလည်း ဆက်တိုက်လုပ်နေတာရှိတာပေါ့။အဓိကတော့ အခုလက်ရှိမှာ ဘာတွေဘာတွေ လုပ်ဖို့လိုအပ်တယ် ဘယ်နေရာတွေကိုမသွားနဲ့ ဘာညာအကုန်အသိပေးထားတာတွေ ရှိနေတော့ ဒီအချက်တွေကို လိုက်နာပေးပြီးတော့ နေထိုင်ဖို့လိုတယ်ပေါ့ ပြည်သူတွေ အနေနဲလည်း”လို့ သူကဆိုပါတယ်။

စစ်ကောင်စီတပ်တွေဟာ ရခိုင်က သူတို့လက်လွတ်ဆုံးရှုံးထားပြီး ဖြစ်တဲ့ မြို့တွေကို လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်တာတွေ ရှိနေတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ အနေနဲ့ ပြည်သူ့လုံခြုံရေးပိုင်းဆိုင်ရာတွေကို အလေးထားတဲ့ အနေ နဲ့ အခုလိုတိုက်တွန်းချက်တွေကို ဆက်တိုက်လုပ်ဆောင်ပေးနေတာ ဖြစ်ပြီး အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ရဲ့ တိုက်တွန်းချက်နဲ့ လိုက်နာရမယ့် စည်းကမ်းတွေကိုလည်း ပြည်သူတွေ အနေ နဲ့ လိုက်နာဆောင်ရွက်ပေးဖို့ အတွက်က သူက ထပ်မံ သတ်ပေးပြောဆိုထားတာလည်းဖြစ်ပါတယ်။

အဲဒီလိုပဲ ဂွသံတွဲမြို့တွေမှာလည်း အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရ ဟာ စစ်ကောင်စီ ရဲ့ လေကြောင်းရန်ကို ကာကွယ်နိုင်ဖို့အတွက် တိုက်တွန်းပြောဆိုတာတွေကိုလည်းစတင်လုပ်ဆောင် ပေးတာတွေ ရှိနေပြီး ဖြစ်တယ်လို့ သံတွဲမြို့ခံတစ်ဦးက ပြောပါတယ်။

“လုပ်နေတာတွေတွေ့ပါတယ် အခုက အဲဒီလေကြောင်းရန်တွေ မိုင်းအန္တရာယ်တွေကို သတိထားဖို့ မိုင်းတွေ စစ်ကျန်လက်နက်တွေကို တွေ့ရင် ဘယ်သူတွေကို အကြောင်းကြားဖို့ ဆိုတာတွေကို လုပ်ဆောင်ပေးနေတာတွေရှိပါတယ်” လို့ ဆိုပါတယ်။

အာရက္ခတပ်တော်ဟာ ရခိုင် တကျော့ပြန်တိုက်ပွဲ အတွင်းမှာ ပလက်ဝဒေသအပါအဝင် ရခိုင်ပြည်ထဲက မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ရရှိထားပြီး လက်ရှိ အဲဒီသိမ်းပိုက်ရရှိထားတဲ့ မြို့တွေမှာ အရပ်သားပြည်သူတွေ ပြန်လည်ဝင်ရောက်နေထိုင်နိုင်အောင် မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်ပေးတာတွေ အပြင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အနေ နဲ့လည်း ပြန်လည်ထူ ထောင်ရေး လုပ်ငန်းတွေကိုလုပ်ဆောင်တာတွေ ဆက်တိုက်ရှိနေပြီးဖြစ်တယ်လို့ ဆိုပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here