Home သတင်း မိုင်းအန္တရာယ် စစ်ကောင်စီက တောင်ကုတ်မှာ လူနေအိမ်တွေထိ မိုင်းထောင်တာလုပ်ထားလို့ ဒေသခံ တစ်ဦးဒဏ်ရာရ

စစ်ကောင်စီက တောင်ကုတ်မှာ လူနေအိမ်တွေထိ မိုင်းထောင်တာလုပ်ထားလို့ ဒေသခံ တစ်ဦးဒဏ်ရာရ

71
0
ပုံ - တောင်ကုတ်မြို့တွင်း မိုင်းရှင်းလင်းရေးတွေ လုပ်ဆောင်နေတဲ့ အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ GEM

CNA၊ဂူးဂူး။

စစ်ကောင်စီတပ်တွေဟာ တောင်ကုတ်မြို့တွင်းမှာ အရပ်သားတွေ နေထိုင်တဲ့ နေအိမ်ပေါ်တွေအထိ မိုင်းထောင်တာတွေကို လုပ်ဆောင်ထားခဲ့တယ်လို့ တောင်ကုတ်မြို့ခံတွေကဆိုပါတယ်။

အဲဒီလို စစ်ကောင်စီက အရပ်သားပြည်သူတွေနေထိုင်တဲ့ နေအိမ်တွေအထိ မိုင်းထောင်ထားခဲ့တာကြောင့် နေရပ်ပြန်လည်ဝင်ရောက်နေထိုင်တဲ့ ဒေသခံ အမျိုးသမီး တစ်ဦးဟာ ဟာ နေအိမ်အတွင်း သန့်ရှင်းရေး လုပ်ဆောင်နေချိန်မှာ နေအိမ်အတွင်း စစ်ကောင်စီထောင်ထားတဲ့ မိုင်းပေါက်ကွဲပြီး ဒဏ်ရာ ရရှိသွားခဲ့ရတယ်လို့ တောင်ကုတ်မြို့ခံတစ်ဦးက ပြောပါတယ်။

ဒဏ်ရာ ရသွားတဲ့ အမျိုးသမီးမှာ တောင်ကုတ်မြို့ ၊ကံပိုင်ရပ်ကွက်က အ သက် ၆၀ အရွယ် တင်တင်ဦးဆိုတဲ့ အမျိုးသမီးဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို နေအိမ်တွေ အထိ စစ်ကောင်စီတပ်တွေက မိုင်းထောင်ထားခဲ့တဲ့ အတွက် ဒေသအတွင်းမှာ ပြန်လည်ဝင်ရောက်နေထိုင်နေကြတဲ့ အရပ်သားပြည်သူတွေအတွက် အရမ်းစိုးရိမ်စိတ်တွေ ရှိနေရတယ်လို့ တောင်ကုတ်မြို့ခံ တစ်ဦးက ဆိုပါတယ်။

“နေအိမ်တွေမှာတောင်မိုင်းတွေ ထောင်ထားခဲ့တာကတော့ တော်တော်ကိုစိုးရိမ်ရတယ်။ဘယ်သူမှလည်း မထင်ဘူးလေ ။တော်တော် ယုတ်မာကောက်ကျစ်တဲ့ လုပ်ရပ်ကို စစ်ကောင်စီတပ်သားတွေ လုပ်ဆောင်ထားခဲ့တာ ဖြစ်တယ်”လို့ သူကဆိုပါတယ်။

တောင်ကုတ်မြို့နယ် အတွင်းက စစ်ကောင်စီတပ်စခန်းတွေကို အာရက္ခတပ်တော် ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့ကတည်းက စတင်ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

အဲဒီနောက် တိုက်ပွဲအတွင်းက နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ အရပ်သားပြည်သူတွေကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု ရန်ကလွဲ ရင် ဒေသအတွင်းမှာ တည်ငြိမ်အေးချမ်းနေပြီဖြစ်တဲ့ အတွက် အာရက္ခတပ်တော်က အရပ်သားပြည်သူတွေကို မိမိနေအိမ်တွေမှာ ပြန်လည်ဝင်ရောက် နေထိုင်ဖို့ အတွက် ခွင့်ပြုပေးခဲ့ပါတယ်။

အဲဒီလို ခွင့်ပြုပေးတာတွေ နဲ့ တူတူ ဒေသခံ ပြည်သူတွေ အနေ နဲ့ မိုင်းအန္တရာယ်သတိပြုဖို့၊လေကြောင်းရန်ကာကွယ်နိုင်ဖို့ အတွက် ဗုံးခိုကျင်းတွေကို စနစ်တကျတည်ဆောက်ဖို့ စတာတွေကို အသိပညာပေးတွေ လုပ်ဆောင်ပေးနေကြောင်း သိရပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here