Home သတင်း မိုင်းအန္တရာယ် တောင်ကုတ်မှာ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦးထပ်မံ ဒဏ်ရာရ

တောင်ကုတ်မှာ မိုင်းပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦးထပ်မံ ဒဏ်ရာရ

2
0
ပုံ - APM

CNA ၊လင်းလင်း။

တောင်ကုတ်မြို့နယ် အတွင်းမှာ ပြီးခဲဲ့ ဧပြီလ ၆ ရက်နေ့က စစ်ပွဲအတွင်းက ကျန်နေခဲ့တဲ့ စစ်ကျန်မိုင်းပေါက်ကွဲပြီးတော့ ဒေသခံ တစ်ဦးဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရပြန်တယ်လို့တောင်ကုတ်မြို့ခံတွေက ပြောပါတယ်။

အဲဒီမိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသွားတဲ့ သူကတော့ တောင်ကုတ်မြို့ ကြိုးကြာကွင်းရွာက အသက် ၂၅ နှစ်အရွယ် ကိုဟိန်းမင်းစိုး ဆိုသူဖြစ်ပြီးတော့ ကြိုးကြာကွင်းရွာ ဆည် အနီးဟင်းခူးသွားချိန်မှာ အခုလို စစ်ကျန်မိုင်းပေါက်ကွဲပြီး မိုင်းစထိမှန်က ညာဖက်လက်ညိုပြတ်ထွက်သွားပြီး လည်ပင်မှာလည်း ဒဏ်ရာ ရရှိသွားခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိ မိုင်းပေါက်ကွဲမှုဖြစ်ပွါးခဲ့တဲ့ နေရာဟာ အာရက္ခတပ်တော်က တောင်ကုတ်မြို့ တစ်ခုလုံးကို မသိမ်းပိုက်ခင်တုန်းက စစ်ကောင်စီတပ်တွေက တပ်စွဲနေရာယူထားခဲ့တဲ့ နေရာတစ်ခုဖြစ်ပြီးတော့ အဲဒီအနီးဝန်းကျင်မှာ မိုင်းပေါင်းများစွာ ထောင်ထားခဲ့တဲ့ နေရာ တစ်ခု ဖြစ်တယ်လို့လည်း အာရက္ခတပ်တော်ရဲ့ မိုင်းရှင်းလင်းရေး အဖွဲ့တွေက ပြောပါတယ်။

ရခိုင်က အာရက္ခတပ်တော် သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်တွေမှာ အာရက္ခတပ်တော်က မိုင်းရှင်းလင်းရေးတွေ နဲ့ မိုင်းအသိပညာပေးတွေကို လုပ်ဆောင်ပေးတာတွေ ဆက်တိုက်ရှိနေပေမယ့် ဒေသခံ ပြည်သူတွေဟာ မိုင်းပေါက်ကွဲ မှု နဲ့ စစ်ကျန်လက်နက်ပေါက်ကွဲမှုတွေကို နေ့စဉ်ကြုံတွေ့နေကြရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီနေ့ ဧပြီလ ၃ ရက်နေ့ ကလည်းဂွမြို့နယ် ကျိန္တလီမြို့အတွင်းမှာ ဟင်စားသွားရှာတဲ့ ဒေသခံ တစ်ဦးဟာ စစ်ကျန်မိုင်းနင်းမိကာ ပေါက်ကွဲမှု ဖြစ်ပွါးခဲ့ပြီးတော့ ခြေထောက်တဖက်ပြတ်ထွက် ဒဏ်ရာ ရရှိသွားခဲ့ရတာလည်း ရှိခဲ့ရပါသေးတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here